098

478 92 12
                                    


51
 
    " ငါ ခတ်တဲ့ အဆိပ်မဟုတ်ပါဘူး ! "
လန်ခွန်း ဘယ်ဝန်ခံမလဲ ၊ မျက်နှာထားတချက်ပင် မပြောင်းပဲ လက်မောင်းဆန့်ပြကာ လက်မောင်းစပေါ်က ကျန်ခဲ့တဲ့သက်သေကို ပြကာ
  " ကြည့်လေ ၊ ငါ သူ့ကို အရေးပေါ် ကုသမှုလုပ်ပေးထားတာ ၊ ဒါ့ကြောင့် ငါ့ကိုယ်ပေါ် အန်ထားတာလေ ၊သွေးတွေကော နွားနို့တွေကော ....အော် ၊ ဒါနဲ့ ၊ ငါပဲ သူ့ကို ဒီကို ပို့ပေးတာ သူ ဝင်လာတာ ဒီလောက်ကြာနေပြီ ဘာမှမကြားရလို့ စိတ်ပူပြီး ဝင်လာကြည့်တာ ...."

  မီလော့က သူ့ကို မယုံကြည်စွာကြည့်ရင်း
  " ဘယ်လိုလုပ် ဒီလောက်တိုက်ဆိုင်စွာ နင့်နဲ့ ဆုံတာလဲ ? နင်က ဒီလောက် စိတ်ကောင်းစွာနဲ့ သူ့ကို အရေးပေါ် ကယ်တင်မှု လုပ်ပေးတယ် ? "

  လန်ခွန်း သူမ ပြောတဲ့စကားကို နားထောင်ရတာ ကိုယ်က မကောင်းဆိုးဝါး ကြနေတာမို့ မေးမိတယ်
  " မင်း ငါ့အပေါ် အမြင်မကြည်နေဘူး မေးပါရစေ ငါ မင်းကို ဘာအပြစ်များ လုပ်မိဖူးခဲ့သလဲ ? "
  
“ နင် ---"
မီလော့ ပြောတော့မယ် ' နင်က ရှောင်ကေားအပေါ် ဒီလောက်ရက်စက်တဲ့ကိစ္စလုပ်ထားမှတော့ ငါကနင့်အပေါ် အမြင်ကြည်ပါဦးမလား ? ရှောင်ကေားကို အနိုင်ကျင့်တာက ငါနဲ့ ရှီးလန်ကို အနိုင်ကျင့်တာပဲလေ ငါတို့သုံးယောက်လုံးပေါ် အပြစ်လုပ်တာပဲလေ ' သို့သော် သူမက ဉာဏ်ကောင်းတယ်လေ၊ အပြောကို အရှိန်သတ်လိုက်ပြီး လန်ခွန်းကို သတိရှိရှိဖြင့်ကြည့်ကာ
  " နင် ညသန်းခေါင်ကြီး သူတပါးအိမ်ဝင်တာကို အမြင်ကြည်နိုင်ပါ့မလား ! အခု လူလည်း တွေ့ရပြီ , နင် သွားလို့ရပြီ ! "
 
     လန်ခွန်း မတုန်မလှုပ်ဖြင့် ပြန်တောင်မေးသေးတယ်
  " မင်း ဖြေဆေးကြိုပြီးပြီ ? "

  မီလော့မှာ အိုက်ယား တခွန်းသာ အော်ပြီး မီး‌ဖိုချောင်ထဲ ပြေးကြည့်တော့တယ် ၊ ရေက ဆူ‌နေရုံရှိသေးတယ် မခမ်းသေးဘူး ။

  သူမက ကြိုထားတာကလည်း အဆင်ပြေလောက်ပြီးဆိုမှ ခွက်တခွက်ထဲထည့်ကာ အခန်းထဲ ယူလာတော့ လန်ခွန်းရှိနေတာ မြင်ပြီး စိတ်တိုစွာဖြင့်
  " နင် ဘာလို့ မသွားသေးတာလဲ ? "

လူစားထိုးМесто, где живут истории. Откройте их для себя