111

399 68 4
                                    

  064

      အန်းချန်က တို့တတွေထင်သလို နိုက်ကလပ်သွားပြီး ဖြေရှင်းသလား ?

    အဖြေက ---မဟုတ်ဘူး ။

  ကားမောင်းပြီး ထွက်သွားတာနဲ့ အန်းချန်က အဝေးပြေးလမ်းမပေါ်တက်ကာ လီဗာကို ဆက်တိုက်နင်းကာ ဖန်စန်းတောင်လမ်းဘက်ကို မောင်းသွားတယ် ။

  အရှိန်အမြင့်ဆုံးရွှေ့လျားနေတဲ့ကားက သူ့ကို စိတ်ထွက်ပေါက်တခုပေးတယ်လေ ၊ ကားပြတင်းမှန်အကုန်ချထားတော့ အရှိန်နဲ့တိုက်ထားတဲ့လေက သူ့ကို အေးခဲသွားအောင် တိုက်ခတ်နေတယ် ။

  ဖန်စန်းတောင်ပတ်လမ်းအတိုင်းတပတ်ပြီးတပတ် မောင်းတက်ရင်း အန်းချန် လီဗာအဆုံးထိ နင်းလိုက်ရာ ကားက ပျံတက်သွားသလိုပဲ ဘေးက သစ်ပင်နဲ့ တောင်နံရံတွေကလည်း အနောက်ကို အမြန်ဆုံးဆုတ်သွားသလိုပဲ ။

  ဘယ်လောက်အကြာထိ မောင်းလိုက်တယ်မသိ အရှေ့ဘက်မှာ တောင်ပေါ်က လိမ့်ဆင်းလာတဲ့ ကျောက်တုံးတတုံး ထွက်ပေါ်လာခဲ့တယ် ၊ ကားအရှိန်က အရမ်းမြန်နေတာကြောင့် အန်းချန် ဘရိတ်ကို အမြန်နင်းပြီး စီယာတိုင်ကို အမြန်လှည့်လိုက်ပေမဲ့ ကားကတော့ ဘေးတစောင်း‌ဆွဲသွားကာ တောင်နံရံနဲ့ တိုက်သွားတော့တယ်။

       ကားတာယာက ပွတ်တိုက်မှုကြောင့် မီးပွားတွေထွက်လာခဲ့တယ် ၊ ကားပြတင်းမှန်အကာမရှိတာကြောင့် အန်းချန် ခေါင်းကို ကာဖို့အတွက် ဘယ်လက်က သူ့အလိုလို မျက်နှာဘေးကို ကာလိုက်တာကြောင့် လက်မောင်းသည် အပြင်ဘက်က နံရံနဲ့ ပွတ်တိုက်ပြီး သွေးကြောင်းတကြောင်း ထွက်လာခဲ့တယ် ကားကလည်း အရှေ့ဆယ်မီတာခန့်အကွာထိကို ရွေ့ပြီးမှ အစောင်းလိုက် ရပ်သွားတော့တယ် ။

  အန်းချန်က ပွတ်တိုက်မှုကြောင့် ပူကျစ်နေတဲ့ ကားတံခါးကို ကန်ထုတ်ကာ ဒဏ်ရာရတဲ့လက်ကို အုပ်ပြီး ကားပေါ်ကဆင်းလိုက်တယ် နာတာမှ မျက်နှာကို ဖြူဖတ်နေတယ် ၊ သူ တောင်နံရံကို မှီပြီး ခါးကုန်းလိုက်ရင်း မျက်နှာထားက အတော်နာကျင်နေပုံပဲ ။

လူစားထိုးWhere stories live. Discover now