086

450 85 3
                                    

  039

        ဒုက္ခ ?

  ဒုက္ခလား ရှိတာပေါ့ ။

  သူ ညနေ အိမ်ကထွက်ပြီး နောက်တခြံက ကျင်ချိုးဟန်ကို သွားကြည့်တော့ ၊ ကျင်ချိုးဟန်က သူ့ညီမလေးအကြောင်းမေးတယ်လေ၊ မကယ်ထုတ်လာနိုင်ဘူးကြားတော့ ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့ပုံ ပေါ်လာတယ်လေ။

  " လန်ခွန်းက ညီမလေး အပေါ်ကို ဘယ်လိုဆက်ဆံဦးမလဲ မသိဘူး ! "
ကျင်ချိုးဟန် မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်တယ် ၊   မျက်နှာထားတော့ ချက်ချင်းပြန်ပြောင်းလိုက်ပြီး စူးယီမော့ကို အခန်းထဲ ဆွဲခေါ်သွားကာ စူးယီမော့ကို ဖက်ထားပြီး အတော်ကြာ ယှက်နွယ်နေတယ် ။

  အမှန်ပြောရရင် အဲ့အချိန်က စူးယီမော့က အပြစ်ရှိသလိုခံစားရတာမို့ ညနေခဲ့ဖို့ သဘောတူလိုက်တာ ဖြစ်တယ် ။

  ကျင်ချိုးဟန်လည်း အလိုလိုက်အကြိုက်ဆောင်ကာ တစားပွဲလုံးစာ ဟင်းချက်လိုက်တယ်၊ စူးယီမော့ ကြိုက်တတ်တဲ့ ဟင်းတွေပဲလေ ။

  " အားမော့ ၊ ငါ ကောင်းသလောက်ရှိပြီ ၊ အဲ့ဒီလူစားထိုးကို ဖြုတ်လိုက်တော့လေ ! "
အစားစားတဲ့အချိန် ကျင်ချိုးဟန်က အကြံပေးတယ် ။

  စူးယီမော့စိတ်ထဲ ထစ်ကနဲဖြစ်သွားတယ် ၊ ဒီ အကြံကို သူလက်မခံနိုင်တာမို့ သူအသာရယ်လိုက်ကာ ငြင်းလိုက်တယ်
   " မင်း ဆေးရုံ ဆင်းတာ မကြာသေးဘူး ၊ ပြီးတော့ဒဏ်ရာအဲ့လောက်ပြင်းထားတာ , ခဏလောက်တော့ ထပ်နားပါအုံး ! "

  " ဒါပေမဲ့....တယောက်တည်းက အရမ်းပျင်းဖို့ကောင်းတယ် ! "
ကျင်ချိုးဟန် စားနေတာကိုရပ်ပြီး စူးယီမော့ဘေးသွားကပ်ကာ ရင်ခွင်ထဲဝင်လိုက်ပြီး
  " ငါ ကမင်းနဲ့ အတူ ပေါ်ပေါ်ထင်ထင်နေချင်တာ "

  " ကိုယ်တို့အခုအတူနေနေတာပဲ မဟုတ်လား ? "
စူးယီမော့က သူ့လက်မောင်းကို အသာပုတ်ပြီး နှစ်သိမ့်တယ်
  " ပြောရရင် ၊ ဒီရက်ပိုင်း လန်ခွန်းက လူလွှတ်ပြီး မင်းကို နှောက်ယှက်မှာ ကိုယ်စိုးရိမ်တယ် ၊မင်း ဒီမှာ လိမ်လိမ်မာမာနေမှ ကိုယ်စိတ်ချမှာ သိပြီလား ? "

လူစားထိုးWhere stories live. Discover now