007

546 93 1
                                    


  007

      ညအချိန်အခါမို့ ဆေးရုံမှာ လူအလွန်နည်းတယ် ပြီးတော့ ဒီနေရာက စူးယီမော့ ငွေများများနဲ့ ငှားရမ်းထားတဲ့ အထူးလူနာကြပ်မတ်ဆောင်မို့ ဘေးပတ်ပတ်လည်မှာ ပိုတိတ်ဆိတ်နေသလိုပဲ ။

   စူးယီမော့သွားနေရင်း ဆေးလိပ်တလိပ်ဆွဲထုတ်လာကာ နှုတ်ခမ်းမှာကိုက်ထားလိုက်ကာ ဓါတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီး ဓါတ်လှေကားလာတဲ့အချိန်ကို စောင့်ရင်း မီးခြစ်ထုတ်လိုက်တယ် ။

  ဓါတ်လှေကားလာတာ အလွန်မြန်တယ် စူးယီမော့ ဓါတ်လှေကားထဲ ဝင်ပြီးတာနဲ့ ကားထားရာ မြေအောက်ထပ်အလွှာနံပါတ်တစ်ကို တခါတည်းနှိပ်လိုက်တယ် ။
  မီးခြစ်ခြစ်လိုက်တဲ့ အလင်း လင်းလာပြီး ပြန်ငြိမ်းသွားတယ် ။

  စူးယီမော့ မီးခိုးငွေ့ကို နက်နက်ရှိုင်းရှိုင်းတချက်ရှူလိုက်ပြီးနောက် ပြန်ရူထုတ်လိုက်တဲ့ မီးခိုးကြောင့် သူ့ရဲ့ တိကျပြတ်သားခန့်ညားတဲ့ မျက်နှာမှာ ဝေဝါးသွားတယ်။

  လျန်ဖုံးကေားရဲ့ စကားက သူ့ကို ကျင်ချိုးဟန်ကို ပြန်သတိရမိစေတယ် ။ ကျင်ချိုးဟန်ရဲ့အခြေအနေမှာတော့ အကောင်းဘက် မသန်းသေးဘူး ။

  ဟုတ်တယ် ၊ သေနတ်ပစ်ချက်ထိပြီး အခုထိ လဝက်ရှိနေပြီ သူ မနိုးလာသေးဘူး ။
  ချိုးဟန်....
  
      အစတုန်းက ဘာမှ မရှိတဲ့အချိန်ကို ပြန်စဉ်းစားလိုက်ရင် သူက ကိုယ့်ဘေးနားမှာအဖော်ပြုပြီး တလှမ်းချင်းစီ လျှောက်ခဲ့ကြတာလေ ။ နှစ်ယောက်သား အချင်းချင်းဖေးမရင်း အခက်ခဲဆုံးနေ့တွေကို တောင့်ခံနိုင်ခဲ့ကြတယ် ၊ နောက်တော့ ကိုယ့်ရဲ့ စီးပွားရေးက ပိုပိုကြီးမားတောင့်တင်းလာပြီး သူကတော့ ကိုယ်မြှောက်တင်ပေးနိုင်ခဲ့တဲ့ အလင်းဆုံးကြယ်တပွင့် ဖြစ်လာခဲ့တယ် ။
  
    သူက ကုမ္ပဏီရဲ့ အထူးကာကွယ်ရမဲ့သူသာမဟုတ်ပဲ ၊ ကိုယ့်ရဲ့ နှလုံးသားထဲက အချစ်ဆုံးဖြစ်တယ် ။

  ကားပေါ်မှာ ထိုင်နေပြီး ဆေးလိပ်တလိပ်ကုန်တဲ့ထိ တိတ်တိတ်ဆိတ်ဆိတ်သောက်လိုက်ပြီး ဆေးလိပ်ဖင်စီနားရောက်မှ မီးသတ်လိုက်ပြီးချိန်မှာတော့ စူးယီမော့မျက်နှာပေါ်က နာကျင်မူတွေက ပျယ်ပျောက်သွားပြီး ပြတ်သားရက်စက်ခြင်းတွေ အစားထိုးဝင်လာခဲ့တယ် ။ ဘယ်သူပဲဖြစ်ဖြစ် ၊ ချိုးဟန်ကို ဒဏ်ရာရအောင်လုပ်ပြီး ထွက်ပြေးလွတ်မြောက်လို့ရမယ်လို့ မထင်နဲ့  !

လူစားထိုးWhere stories live. Discover now