087

452 89 4
                                    

  040

     လျန်ဖုံးကေားကတော့ အမြန်ဆုံးအိပ်ပျော်သွားပေမဲ့ စူးယီမော့ကတော့ အိပ်မရနေဘူး ။

 လျန်ဖုံးကေားက သူ့ကို မီးဖိုချောင်ထဲမှာ တယောက်တည်း ချန်ခဲ့လို့ မကျေနပ်တာမဟုတ်ဘူး ၊ သူမကျေနပ်တာက.....

 သူမကျေနပ်တာက လျန်ဖုံးကေားရဲ့ ယုံကြည်စွာနဲ့ ပြောသွားတဲ့ ချိုးဟန်ရဲ့ညီမလေးကို နည်းလမ်းရှာပြီး ကယ်မယ်ဆိုတာကိုပဲ.....

  သူ က ဘယ်လိုကယ်မှာလဲ ?

  လန်ခွန်းက ဘယ်လိုလူလဲဆိုတာ သူအသိဆုံးပေါ့ ၊ လန်ခွန်းနဲ့ လျန်ဖုံးကေားက ဘယ်လိုအတိတ်တွေရှိမှန်းမသိပေမဲ့ လန်ခွန်းလက်ထဲကနေ လူကယ်ထုတ်လာဖို့ ဆိုရင် အဲ့လောက်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး !

  မျက်လုံးထဲမှာ ဟိုနေ့ညက လျန်ဖုံးကေား မူးပြီး အိမ်ကို ပြန်လာတဲ့နေ့က မျက်မှောင်တကြုတ်ကြုတ်နဲ့ ပြောခဲ့တဲ့စကားကို နားပြန်ယောင်နေတယ် ။

 " ....လန်ခွန်း....ငါက သူမဟုတ်ဘူး ...ငါက သူမဟုတ်ဘူး"

   သူမဟုတ်ရင်...ဘယ်သူလဲ ?

 မဟုတ်မှလွဲရော...လန်ခွန်းလည်းသူ့ကို ငှားပြီး ဘာချစ်သူညာချစ်သူတွေ လုပ်ခိုင်းခဲ့သေးတာလား ? ပြီးတော့ သူ့အပေါ် အတိုင်းအဆမရှိ ရယူထားခဲ့တာလား ?

  စူးယီမော့ ကိုယ့်ကို ထိန်းမရတော့ဘူးလို့ ထင်မိတယ် ၊  လျန်ဖုံးကေားက လန်ခွန်းကိုယ်အောက်မှာ အဖိခံရပြီး ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရပုံကို ပုံဖော်မိနေတယ် ။

  သေသင့်တယ် !

  အစကတည်းက ကုတင်ပေါ်မလှဲနေပဲ အခန်းထဲမှာ စိတ်ရှုပ်ရှုပ်နဲ့ လမ်းလျှောက်နေတဲ့ စူးယီမော့ နံရံကို လက်သီးတချက်ထိုးလိုက်တယ် ၊ မျက်နှာထားကလည်းစိတ်ဆိုးနေတယ် !

  အကယ်၍များ လျန်ဖုံးကေားပြောတဲ့ နည်းလမ်းဆိုတာ ဒီလိုပုံနဲ့ လန်ခွန်းနား ပြန်ချဉ်းကပ်ပြီး အဲ့လိုပြန်....

လူစားထိုးWhere stories live. Discover now