108

460 78 5
                                    


  061

     လန်ခွန်းက စိတ်မဆိုးပုံဖြင့် ရယ်ကာ
  " ဟဟ! မင်း ညာပုံကလဲ ပညာသားလည်းမပါဘူး ! "

  ဟုတ်တယ်လေ စူးယီမော့ ချစ်တာ ကျင်ချိုးဟန်မှန်း ဘယ်သူမသိလဲ ? လျန်ဖုံးကေားက ဘာမို့လို့လဲ...

  " ယုံမယုံက မင်းသဘော ! "
  လျန်ဖုံးကေား မျက်တောင်ပင်မခတ် ခပ်တည်တည်ပဲ ။ 

  " မင်းက ငါရှာနေတဲ့သူဆိုတာ တကယ်သေချာတယ် ! "
လန်ခွန်းက လျန်ဖုံးကောကို စိုက်ကြည့်ရင်း ပြောတယ် ။

  လျန်ဖုံးကေား မျက်လုံးပင့်ကာ
  " မင်း ဘာနဲ့များ သေချာတာလဲ ? "

  " ငါ့ရဲ့ ခံစားချက်ပေါ့ ! "
  လန်ခွန်း အသေအချာဖြင့်
  " မင်းပဲ ! "

  " ခံစားချက်က လည်း မှားတတ်တယ် "

  " မမှားပါဘူး ! "
လန်ခွန်း ပြန်‌ငြင်းတယ် အန်းမုကို တချက်ကြည့်လိုက်တယ် မျက်နှာကတော့ရင်းနှီးပေမဲ့ ....ခံစားချက်က မမှန်ဘူး !

  " ထားလိုက်တော့ ၊ လန်ခွန်း မင်း ငါ့ကို ဒုက္ခပေးတာ မလုံလောက်သေးဘူး ငါ့ညီကိုပါ ဆက်ဒုက္ခပေးမလို့လား ? "
  အန်းမု က ဘာဖြစ်ဖြစ်ပုံဖြင့် ဝင်ပြောတယ်
   " မင်း ဘာလုပ်ချင်တာလဲ ငါ့ဆီပဲ တည့်တည့်လာ သူ့နဲ့ ဘာမှမဆိုင်ဘူး ! "

  ဒီထဲမှာ အတုတွေအစစ်တွေ ၊ ဟုတ်တာ မဟုတ်တာတွေ ရောနေတာမို့ လူကို မူးစေနိုင်တယ် ။

  ဒါပေမဲ့ စူးယီမော့ နားလည်တယ်လေ လျန်ဖုံးကေားက ကိုယ့်ကို ဒိုင်းအဖြစ်ကာသုံးတာလေ ၊ နောက်ထပ်ဒိုင်းကတော့ အန်းမုပေါ့ ။
   

  သို့သော် လျန်ဖုံးကေားက နှစ်သက်တဲ့သူရှိတယ်ပြောတာကြားတော့ စူးယီးမော့ရင်ထဲ စိုးရိမ်ကာ မကျေမချမ်းဖြစ်သွားတယ် ၊ ဒါပေမဲ့ လျန်ဖုံးကေားရဲ့လက်က ကိုယ့်ကို ဆွဲလိုက်တာဆိုတော့ စူးယီမော့ တိတ်တဆိတ် ပျော်သွားလေတယ် ။

  အရင်ဆုံးအစစ်လားအတုလားက ထားအုံး ၊ အနည်းဆုံးတော့ကိုယ့်ကို ဒိုင်းအဖြစ် သုံးချင်သေးတယ်လေ ။

လူစားထိုးWhere stories live. Discover now