027

413 89 1
                                    

  027

      " Hi ~Dear~ မသေဘူးမလား ? "
  
    ဖုန်းလက်ခံနားထောင်လိုက်တာနဲ့ အထဲကနေ ဒီလိုမေးခွန်းထွက်လာတယ် ၊ အသံက ခပ်ဆိုးဆိုးနှင့် ခပ်ညို့ညို့လေသံဖြစ်သည်။

  စူးယီးမော့ မသိလိုက်ပဲ မျက်မှောင်ကျုံ့မိတယ် ဘာမှမပြောဘူး ။

  
    ဒီဘက်စကားပြန်မပြောတာတွေ့တော့ ၊ဟိုဘက်က ဆက်ပြောတယ်
  " ငါ အပ်တဲ့အလုပ်ကို မင်း ဘယ်လိုစဉ်းစားထားပြီလဲ ?"

   အိပ်မောကျနေတဲ့ လျန်ဖုန်းကေားကိုယ်ပေါ်ကို  စူးယီးမော့ရဲ့ အကြည့်ရောက်သွားတယ် ‌သူ့ကို အလုပ်အပ်ချင်တဲ့ သူရှိသေးသလား ?

  ဟုတ်တာပဲ ၊ သူက ရွှေအဆင့်လူစားထိုးလေ ၊ နာမည်ဒီလောက်ကျော်ကြားတာ သူ့ကို ရှာတဲ့သူ မနည်းလောက်ဘူး ။ ဒါပေမဲ့ ဖုန်းဆက်တဲ့သူက သူ့ကိုအောင်မြင်စွာ အလုပ်မအပ်နိုင်သလိုပဲ !

  " မင်းကို ဒဏ်ရာရစေတာ အားနာပါတယ် , ဒါပေမဲ့ ငါက တကယ်မင်းကို အလုပ်အပ်ချင်တာပါ , ငါတို့တွေ နှစ်နှစ်လောက်လည်း ထိတွေ့ဆက်ဆံဖူးနေတာကို အဲ့လောက်သံယောဇဉ်မပြတ်နဲ့လေကွာ ၊ မင်းက ရွှေအဆင့် လူစားထိုးမလား ? တယောက်တည်း နှစ်မျိုးသရုပ်ဆောင်ရလည်း ပြဿနာမရှိပါဘူး ! အချိန် မတိုက်နေရင် ရပြီလေ ။ အကယ်၍ မင်း တခုပဲ သေချာလုပ်ချင်တယ်ဆိုလည်း မင်းအခု လက်ခံထားတဲ့ အလုပ်ကို ငြင်းလိုက်လေ ! စာချုပ်ဖောက်ဖျက်ခ ငါ မင်းအစားပေးပေးမယ်၊ တကယ် ၊ ပိုက်ဆံက အကြောင်း မဟုတ်ဘူး "
  ဖုန်းရဲ့ ဟိုဖက်က အန်းချန်က ဂေါက်ကွင်းရဲ့ နားနေခန်းရဲ့ ပက်လက်ကုတင်ထိုင်မှာ လှဲနေတယ် ၊ လှပတဲ့ မျက်ဝန်းက အသာမှေးထားကာ သိပ်မဝေးတဲ့ နေရာမှာ ဂေါက်ရိုက်နေတဲ့ စမတ်ကျကျနဲ့လူကို လှမ်းကြည့်နေတယ် အကြည့်တွေက အန္တရာယ်များပြီး ပြောင်တင်းတင်း၊ အမည်မသိသော အပိုင်စီးလိုမူများပါဝင်နေတယ် ။
  " ဘာလို့ စကား‌မပြောတာလဲ ? "
အန်းချန် က ဖုန်း‌ကအသံထွက်သည့်နေရာမှ ငြိမ်သက်နေတဲ့ အသက်ရူသံကိုသာ ကြားရပြီး အတော်ကြာကို စကားမပြောဘူး ၊ သူ တည့်တည့်ထိုင်လိုက်ပြီး မရေမရာမေးလိုက်တယ်
  " တကယ် စိတ်တိုသွားပြီလား ? ငါ တကယ် လက်‌ကိုလျော့ထားပြီးပြီ ၊ မင်း တုံ့ပြန်မူ နှေးတာလေ ၊ ပြီးတော့ ဒဏ်ရာက မနက်ပါဘူး ...."
  စူးယီမော့က တဖက်သူရဲ့ ကိုယ့်ဘာသာကိုယ်ပြောနေခြင်းကနေ တချို့ ကောက်ချက်ချလို့ရလိုက်တယ် ။

လူစားထိုးWhere stories live. Discover now