018

437 83 0
                                    


  018

      မီလော့က စကားတွေတောက်လျှောက်ပြောလိုက်တာမို့ ‌အာခြောက်လာကာ ကိုယ့်အတွက်ကို ကိုယ်လှည့်ရင်း သစ်သီးဝိုင်စပ်ပြီး ‌ဖြည်းဖြည်းသောက်နေတော့တယ် အကြည့်ကတော့ လျန်ဖုံးကေားကိုကြည့်နေပြီး စိုးရိမ်မူတွေပါနေတယ် ။

  " ရှောင်မီ လို့ မပြောရဘူး ၊ မှတ်ဉာဏ်ကတော့ အတော်ပြိုင်စံရှားပဲ ! "
လျန်ဖုန်းကေား က ပုံစံတကျနဲ့ကို လက်ထဲခွက်ကို မြှောက်ပြီး
" ကျွန်တော်မျိုး လေးစားတာမှ အလွန်ကိုပါပဲ ! လာ ၊ cheers ! "

  ချိန်ရှီးလန်ကတော့ ဖြစ်တောင့်ဖြစ်ခဲ တည်တံ့နေတယ် ၊ လျန်ဖုံးကေားကို မျက်မတောင်မခတ်ပဲ စိုက်ကြည့်နေပြီး အသံနိမ့်ချကာ မေးတယ်
    " ဒါမှမဟုတ် ဒီတခေါက် မင်းလက်ခံထားတဲ့ အလုပ်က စွန်ရဲလိုက်ဂိုဏ်းနဲ့ ပတ်သက်နေတာလား ? "
  
    " မင်း အတွေးပိုသွားပြီ ၊ ငါက စိတ်ဝင်စားရုံပါ ၊ ဒီတခေါက်ရဲ့ တာဝန်က အရမ်းလွယ်တယ် ၊ ဆေးရုံဆင်းခါစလူတယောက်လို သရုပ်ဆောင်ရုံပဲ ပြီးရင် ပေါ့ပေါ့ပါးပါး ငွေယူရုံပဲ "
  လျန်ဖုန်းကေား ပေါ့ပါးစွာပြောနေကာ ကွေးနေတဲ့ မျက်လုံးက ယုံကြည်ရလောက်တဲ့ မျက်နှာထားဖြစ်နေပြီ ဟာကွက်ကို ရှာမတွေ့နေစေဘူး ။

  ချိန်ရှီးလန်က စူးရှတဲ့အကြည့်နဲ့ သူ့ကို စိုက်ကြည့်နေကာ
" တကယ် ? မင်းငါ့ကို မလှည့်စားနဲ့နော် ၊ ငါ စုံစမ်းမိလို့ကတော့ ...."

  " တကယ် ! မင်း ငါ့ကို အရက်တိုက်မှာမဟုတ်ဘူးလား ? "
  လျန်ဖုံးကေား က ချိန်ရှီးလန်ရဲ့ ပုခုံး‌ကို ဖက်လိုက်ပြီး သူပခုံးကို လက်ဖြင့်တချက်ထုလိုက်ပြီး
" ငါ့အကြောင်းမင်းသိတယ်မလား ? ငါ မဖြေရှင်းနိုင်တော့ရင် မင်းနဲ့ အားမနာနေတတ်ဘူး ! "

  " အေးပါ ၊ တခေါက်တော့ ယုံလိုက်မယ် "
ချိန်ရှီးလန် က ဘာမှဆက်မေးလို့ မထွက်တော့မှန်း သိတာမို့ အလံချလေတော့တယ် ။
  ဒါပေမဲ့ သူလည်းသိတယ်လေ လျန်ဖုန်းကေား မပြောပြတာက သူ့ဖြေရှင်းနိုင်လို့လေ ။ ဘယ်လိုပြောပြော အခုရှေ့က ကြည့်ရတာ နွေးထွေးခန့်ညားကာ အပြုံးတွေတောက်ပတဲ့ အမျိုးသားက သူတို့ လုပ်ငန်းဘောင်ထဲက အစ်ကိုကြီး(တော်သူ just like big boss) လေ စဉ်းစားဆင်ခြင်မှုကောင်းတယ် အတိုက်အခိုက်လည်း မဆိုးဘူး အခြေအနေ အချိန်အခါပေါ်လည်း ဖြတ်လတ်စွာ ပြောင်းလဲ ဖြေရှင်းနိုင်တယ် ။
     မီလော့ နဲ့ သူမ အမျိုးသားရဲ့ အတွေးက အတူတူပဲ ဘာကြောင့်လည်းဆိုတော့ သူတို့နှစ်ယောက်ပေါင်းတာတောင် လျန်ဖုန်းကေားကို မမှီဘူးလေ ဒါ့ကြောင့် လိမ်လိမ်မာမာနဲ့ သူ့ကို ဝင်မရှုပ်ရင်ကို သူငယ်ချင်းတာဝန် ကျေနေပြီ ။ အင်းပေါ့ အရက်ပါ လက်ဆောင်အနေနဲ့ အဝတိုက်ရမှာပေါ့ ။

လူစားထိုးWhere stories live. Discover now