097

444 90 8
                                    

50

  ချိန်ရှီးလန်က လျန်ဖုံးကောကို အနားယူခန်းသို့ ကျောပိုးခေါ်သွား သတိထားကာ ကုတင်ပေါ်တင်လိုက်ပြီး ထူကာ လှဲပေးလိုက်ချိန် လျန်ဖုံးကေား သတိရှိသေးတာကြောင့် သူ့လက်ကို ဆွဲကာ အသံတိုးတိုးဖြင့်
" စာရွက်နဲ့ ဘောပင်ယူလာ ...."

  ချိန်ရှီးလန် မျက်နှာကြည့်ရခက်စွာသူ့ကို အော်တော့တယ်
    " ဘာစာရွက်နဲ့ ဘောပင်လဲ ! အရင် လှဲပြီးမှပြော ! "

  ပြောရင်း သူ့ကိုလှဲပေးလိုက်ကာ မျက်နှာထားမှောင်မိုက်စွာ အပြစ်တင်ကာမေးတော့တယ်
" မင်း ဘယ်လိုဖြစ်တာလဲ ? အကောင်းကြီးကနေ ဘာလို့ အဆိပ်မိရတာလဲ ? "

  လျန်ဖုံးကေား ခက်ခဲစွာ အသက်ရှူရင်း နေ့တဝက်လောက်မှ ပြောတယ်
  " ငါ အဆိပ်စမ်းတာ...အခု ဖြေဆေး ဘယ်လိုစပ်ရမလဲ သိပြီ ..."
 
    " မင်း လုပ်ချင်တာ လုပ်ပြန်ပြီ ! အဆိပ်စမ်းတာ အဆိပ်စမ်းတာ ၊ မင်းကိုယ်မင်း အဆိပ်မတိုးဘူး ထင်နေတာလား ! မင်း ဆေးပညာကောင်းလည်း မင်း ဘာမှမဖြစ်ဘူးလို့ မပြောနိုင်ဘူး ၊ မသေသော ဆေးသမား ဆိုတာ ကြားဖူးလို့လား ? "
ချိန်ရှီးလန် ပြောရင်းကို စိတ်ဆိုးဆိုးဖြင့် ပတ်ရှာနေရာ ဘောပင်တချောင်းနဲ့ ဆွဲစုပ်notebook အသေးတအုပ်ရှာထွက်လာပြီး ကုတင်ဘေး‌ ဆောင့်ကြောင့်ထိုင်ကာ
   " အဆိပ်က ဒီထက်ပြင်းရင် မင်း သေလောက်ပြီ ၊ ဒီမှာ အဆိပ်ဖြေဆေး ပြောချိန်တောင်မရှိနေနိုင်တော့ဘူး မဟုတ်လား ?! "

  လျန်ဖုံးကေား စကားမပြောဘူး တိတ်ဆိတ်စွာဖြင့် ဘောပင်ယူလိုက်ပြီး ချိန်ရှီးလန် ကိုင်ထားပေးတဲ့ Notebook ပေါ်မှာ တဖြည်းဖြည်း ဖြေဆေးစပ်နည်းကို ရေးချတော့တယ် ကြားထဲမှာ ချောင်းဆိုးနေတာမို့ ချိန်ရှီးလန်မှာနားထောင်ပြီး ရင်ပတ်တွေအောင့်တယ်လေ !

  ရေးပြီးတာနဲ့ လျန်ဖုံးကေား လက်ကို ပြန်သိမ်းလိုက်ပြီး
  " ဖြေဆေးကို နှစ်ဖုံစပ်...တဖုံက The First ဆေးရုံကို ပို့ ...စူးယီမော့ကိုပေး..."

  " စူးယီမော့ စူးယီမော့၊ သူ့နဲ့ ပတ်သက်မှုမလွတ်နိုင်ဘူးဆိုတာ သိတာပေါ့ ! "
ချိန်ရှီးလန် လေသံမကောင်းလွန်းစွာ ပြောတယ်

လူစားထိုးWhere stories live. Discover now