017

431 84 0
                                    


  017

      " မီလော့ ? ဘာလို့ အဲ့လောက်သူစိမ်းဆန်နေတာလဲ ? အရင်က ငါ့ကို ရှောင်မီလို့ခေါ်တာမလား ?."
မီလော့က တောက်ပစွာပြုံးလိုက်ရင် မျက်နှာမှာ ပါးချိုင့်ပါးပါးလေးပေါ်တတ်ပြီး ကြည့်ရတာစွဲမက်စရာကောင်းတယ် ၊ သူမကအခုတော့ ကျွမ်းကျင်စွာနဲ့ လက်ထဲက cocktail shaker ကို လှုပ်ရမ်းနေတယ် ။

  " ဒီနေ့ လူများသားပဲ ၊ မင်းကို မျက်နှာပေးတဲ့ အနေနဲ့ "
လျန်ဖုံးကေား က bar ရှေ့က ထိုင်ခုံမြင့်မှာ ထိုင်လိုက်ပြီး တံတောင်ဆစ်နှစ်ဘက်လုံးကို bar ကောင်တာစားပွဲ မှာထောက်လိုက်ကာ ကိုယ်က အရှေ့ကို ညွတ်လိုက်ပြီး
" ငါ့ကို Absinthe တခွက်ပေးပါ "

* Absinthe ဒေါနပန်း, စမုံစပါး ၊ နာနတ်ပွင့် ၊ လွန်းဗွေနဲ့ လုပ်တဲ့အရက် အရက်ပြင်းအမျိုးအစား 45%/47% သောက်ဖို့ကန့်သတ်ထားသောအရက်  ရေတော်တော်များများရောသောက်ရသော အရက် *

 လျန်ဖုံးကေား  အဆင်ပြေသလိုနေလိုက်တဲ့ ကိုယ်နေဟန်ထားနဲ့လှုပ်ရှားမှုများက barထဲက မိန်းကလေးတစုရဲ့ အော်ဟစ်စနောက်သံကို ရလိုက်တယ် ။

  “No Problem !”
မီလော့ ပေါ့ပါးစွာ ပြန်ဖြေလိုက်ပြီး ရွှတ်နောက်နောက်စတယ်
" မင်းဒီနေ့ အလှသားကောင် လာဖမ်းတာလား ? "

ချိန်ရှီးလန်းကတော့ လျန်ဖုံးကေား ဘေးမှာထိုင်ချလိုက်ပြီး ထိုမေးခွန်းကို သူလဲ မေးချင်ပုံနှင့် လျန်ဖုံးကေားကို ကြည့်နေတယ် ပြောလေပေါ့ ။
      ဒီမေးခွန်းကို သူ လမ်းပေါ်မှာ မေးခဲ့ပြီးပြီ နှမြောစရာက လျန်ဖုံးကေားက ပြန်မဖြေဘူး ထျန်လန်ရောက်မှ ပြောမယ်တဲ့ ၊ အခုရောက်ပြီ ၊ သူလည်း ပြောသင့်ပြီမလား ?

  " အကယ်၍ မင်းသာအဖမ်းခံတယ်ဆို ၊ ဟုတ်တယ်လို့ သဘောထားလိုက် ! "
လျန်ဖုန်းကေား ခပ်ညှစ်ညှစ်ပြုံးကာ ပါးစပ်ဟတယ် ။

  မီလော့ ပါးလေးပန်းသွားကာ မမူသလိုဖြင့် ကျွတ်ကနဲ အသံထွက်ပြတယ် ။
  ဘေးက ချိန်ရှီးလန်ကတော့ ကြားတာနဲ့ ချက်ချင်းကို
" သူငယ်ချင်းရဲ့ ဇနီး ကို ရီသဲ့သဲ့မလုပ်ရဘူးလေ ! လော့လော့က ငါ့ဇနီး! မင်း ခြံလာမတူးနဲ့နော် ! "

လူစားထိုးWhere stories live. Discover now