026

435 89 0
                                    

  026

       စူးယီမော့ က လျန်ဖုံးကေားကို ဒုတိယထပ်ရဲ့ အခန်းထဲထိ ပွေ့ချီသွားကာ အောက်ထပ်ပြန်ဆင်းပြီး လက်ဘက်ရည်စားပွဲပေါ်က ဆေးတထုတ်ကြီးကို ယူပြီးတက်လာခဲ့တယ် ။
  ဒီဆေးတထုပ်ကြီးကို ကြည့်ပြီး စူးယီမော့ ပြန်စဉ်းစားမိတယ်,  သူ...အလောတကြီး ဆေးရုံကဆင်းတာ သူနဲ့ စာချုပ်ချုပ်ထားတဲ့ ကိစ္စကြောင့်လား ?

  ပြီးတော့ သူက လာရပ်ကိုတောင်မသိတဲ့ ဆေးမှင်ကြောင်အတွက်နဲ့ ချိုးဟန်ကို သွာစုံစမ်း...လူစားထိုးဝင်ဖို့အတွက် ပြင်ဆင်တယ်လို့ ပြောပေမဲ့ အကယ်၍သိချင်ရင် သူ့ကိုမေးရင် ပိုကောင်းတယ် မဟုတ်လား ?

  သူ့အလုပ်ကို အလုပ်နဲ့တူတယ်ပြောရမှာလား ဒါမှမဟုတ် သူ အလုပ်မရှိအလုပ်ရှာတယ်လို့ ပြောရမှာလား ?

  စူးယီမော့ ခေါင်းခါမိကာ နောက်ဆုံးလှေကားတဆင့်ကို တက်လိုက်တယ် ။

  စင်္ကြအဆုံးမှာ လျန်ဖုံးကေားရဲ့ ယာယီနေထိုင်တဲ့ အခန်းမှာ ဒဏ်ရာရတဲ့ အမျိုးသားက မျက်လုံးမှိတ်ကာ အနားယူနေတယ် လက်ဖမိုးက နဖူးပေါ်တင်ထားပြီး အသက်ရူတာ အနည်းငယ်မြန်နေတယ် ။

  ခြေသံကြားခါမှ လျန်ဖုံးကေား မျက်လုံးဖွင့်ကြည့်ကာ တံတောင်ဆစ်ထောက်ကာ ထဖို့ကြိုးစားတယ် ။

  စူးယီမော့ ခပ်သွက်သွက်နဲ့ နှစ်လှမ်းလျှောက်လာပြီး သူ့ကို ဖိချကာ
  " ဒီ ပစ္စည်းတွေက်ု ဘယ်လိုသုံးလို့ ငါ့ကိုပြောပြရင်ရပြီ "

  လျန်ဖူံကေား မျက်လုံးပင့်ကာ သူ့ကို တချက်ကြည့်လိုက်ပြီး အသာလေးပြုံးကာ
   " မင်းက လူကို ဆေးသွင်းပေးတတ်လို့လား ? "

  ဒီစကားက စူးယီမော့ကို အခက်တွေ့စေတယ် ။

    သူ ငိုင်သွားတဲ့ အချိန်အတွင်း လျန်ဖုန်းကေားက သူ့လက်ထဲက ကျွတ်ကျွတ်အိတ်ကို ယူလိုက်ပြီး အရက်ပြန် ၊ ဆေးသွင်းရည်ပုလင်းကြီး၊ ဆေးသွင်းပိုက် ဆေးသွင်းအပ် ၊ပိုးသတ်ဂွမ်း စသည့် ပစ္စည်းတွေကို ထုတ်လိုက်တယ် လက်ချောင်းတွေ သွက်လက်စွာဖြင့် ဆေးသွင်းရည်ပုလင်းနဲ့ ဆေးသွင်းပိုက်တို့ ဆက်ပြီးသွားပြီ ၊ သူက ပုလင်းကို စူးယီမော့ကို ထိုးပေးလိုက်ကာ
  " ဒါကို ခဏယူထားပေး မြင့်မြင့်မြှောက် "

လူစားထိုးWhere stories live. Discover now