061

436 86 15
                                    


  014

      " ငါ အတည်မပြုသေးခင် မင်း မပြန်နဲ့တော့ "

  လန်ခွန်းဒီစကားကို ပြောလိုက်တော့ လျန်ဖုံးကေားက လန့်ဖြန့်သွားပုံနဲ့ အနောက်ကို ခြေတလှမ်းဆုတ်သွားတယ် ။

  ( လေ၊ မီး ၊ မိုးကြိုး ၊ လျှပ်စီး ) လေးယောက်လုံးက အချင်းချင်းနားလည်မှုရှိစွာဖြင့် အရှေ့တက်ပြီး သူ့ကို ဝိုင်းထားပြီး လန်ခွန်း ကို အမိန့်ပေးဖို့တောင်းဆိုသလိုကြည့်နေတယ် ။

  လျန်ဖုံးကေား ဦးနှောက်ထဲမှာလည်း အတွေးတွေ တိုက်ခိုက်နေတယ် ---တန်ပြန်တိုက်ခိုက်ရမလား ? အဖမ်းခံလိုက်ရမလား ?
  အကယ်၍ တိုက်မယ်ဆိုလည်း ဒီလူတွေကို ချုပ်ဖို့က အတော်ကြိုးစားရမယ် ပြီးတော့ လန်ခွန်းက ဒီမှာထိုင်နေတာလေ ၊ လန်ခွန်းကိုယ်တိုင်လက်ပါလာမယ်ဆို သူနဲ့ကိုယ်နဲ့ထိတွေဖူးတာတွေ တွေ့သွားနိုင်တယ် ။

  ဒီလိုအခြေအနေရောက်တာတောင်မှ ကျင်ချိုးဟန်က ဘယ်လိုတုံ့ပြန်မလဲလို့ စဉ်းစားဖို့မမေ့ဘူး ။
  " master ,ကျွန်တော်ကို ပြောထားတာက...."
မဝံ့မရဲလေး ဒီလိုစကားလေး ပြောထုတ်လိုက်ပြီး လျန်ဖုန်းကေား ပြန်လည်မခုခံပဲ (မီးနဲ့လေ ) ရဲ့ လက်မောင်းနှစ်ဖက်ချုပ်ထားကို ခံလိုက်ပြီး သိမ်ငယ်‌ခြင်း ဒေါသထွက်ခြင်းဖြင့် လန်ခွန်းကို ကြည့်လိုက်ပြီး
  " master .....”

  လန်ခွန်းက မတုန်မလှုပ်ဖြင့်
  " မင်းလည်း ငါ့ဘေးကိုပြန်လာမယ်လို့ ကတိပေးထားတာပဲ မဟုတ်လား ? "

 " ဒါပေမဲ့ ကျွန်တော် ညီမလေးကို မမြင်ရသေး...."

  " မင်းညီမလေးကိစ္စကို နောက်မှပြောမယ် ။ အချက်အလက်တွေ ခိုင်မာလား ငါစစ်ဆေးပြီးရင် သူမကို ငါ လွတ်လပ်ခွင့်ပေးမှာပါ "
လန်ခွန်းထရပ်လာပြီး လျန်ဖုံးကေားနားလျှောက်လာပြီး နှစ်လှမ်းအကွာရပ်ကာ လျန်ဖုန်းကေားရဲ့ မေးစေ့ကိုညှစ်လိုက်ပြီး
  " မင်းကတော့လား ၊ အရင်ဆုံး ရက်အနည်းငယ် အကျဉ်းချခံလိုက်ပါဦး ၊ ဒီလောက်ကြာမှ ဒီလောက်ခိုင်မာတဲ့ အချက်အလက်ကို ရခဲ့တဲ့အတွက်အပြစ်ပေးတာပေါ့ "

လူစားထိုးWhere stories live. Discover now