005

573 107 3
                                    


  005
    
      နှုတ်ခမ်းလေး အပိတ်ခံထားရတယ်၊စူးယီမော့ရဲ့ နှုတ်ခမ်းက ပိုင်ရှင်အတိုင်းပဲ အေးစက်ကာ ပိုင်စိုးပိုင်နင်းရှိလှတယ် ၊ နှုတ်ခမ်းလွှာလေးလွှာလုံး ထိကပ်နေတဲ့ အချိန်မှာ လျှပ်စီးတွေ နဲ့ ထိတွေ့လိုက်သလိုပါပဲ ၊ လျန်ဖုန်းကေားက မရည်ရွယ်ပါပဲ မျက်လုံးထောင့်ကနေ ထို လူသတ်သမားကို သွားကြည့်မိချိန် စူးယီမော့က သူ့ခါးကို ဆွဲလိမ်လေတော့တယ် တခုခုကို အချက်ပြပုံပဲ ။
  
   လျန်ဖုန်းကေား မျက်စိလင်းကနဲဖြစ်သွားတယ် သဘောပေါက်သွားပြီလေ ။
    ဟန်ဆောင်သရုပ်ပြနေတာ !
   လတ်စသတ်တော့ ဒီကောင်က လူသတ်သမားရှေ့မှာ သရုပ်ဆောင်ပြနေတာ !
   ဒါနဲ့ပဲ လျန်ဖုန်းကောက ထိုလူသတ်သမားကို ဂရုမစိုက်တော့ပဲ ၊ စူးယီမော့နဲ့သာ အာရုံစူးစိုက်မူ အပြည့်ထည့်ပြီး နမ်း‌နေတော့တယ် ။
  အရင် အလုပ်တွေတုန်းကလည်း နမ်းရတဲ့ ဇာတ်ရုပ်တွေ ရှိဖူးပါတယ် ၊ ဒါပေမဲ့ အမျိုးသားနဲ့ နမ်းတာကတော့ ဒါက ပထမဆုံးပဲ !

  ဒါပေါ့ ၊ လျန်ဖုန်းကော ခေါင်းမာပြီးအရူံးမပေးချင်တတ်တဲ့စိတ်ဓါတ်နဲ့ဆို စူးယီမော့နမ်းလို့ ဝေဝေဝါးဝါးဘယ်အဖြစ်ခံမလဲ ၊ ဒါပေမဲ့ အခုအနမ်းမှာ ရူံးနိမ့်ရခြင်းအကြောင်းရင်းက စိတ်အရမ်းလူပ်ရှားနေလို့လေ !
  
  အခုလည်း သတိမထားမိပဲ စူးယီမော့ လျှာကိုပေါက်အောင်ကိုက်မိလိုက်ပြီလေ ၊စူးယီမော့ မသိသလိုပဲ ပိုင်ပိုင်နိုင်နိုင်နဲ့ သူ့လျှာကို စုပ်ယူနမ်းနေတယ် နမ်းနေတာမှ အသက်တောင်ရူမဝတော့ဘူး ။
  
       လျန်ဖုန်းကော အခုမှအာရုံပြန်ရတော့တယ် ၊ သူက ဒဏ်ရာနဲ့ နံလန်ထစလူလေ ဒီလောက်တက်ကြွတဲ့ကြက်ဖဖြစ်နေလို့မရဘူးလေ ၊ ဒါနဲ့ပဲ ကိုယ်ခန္ဓာကို ဖြည်းဖြည်း ပျော့ချလိုက်ပြီး သတိတွေမေ့သွားသလို ဟန်ဆောင်လိုက်တယ် ။
  စူးယီမော့ ဒီအချိန်မှ နမ်းနေတာကို ရပ်လိုက်ပြီး လျန်ဖုန်းကောရဲ့ ခါးကို တင်းတင်းပွေ့လိုက်ပြီး ‌ပျော့ချထားတဲ့ ကိုယ်ကို သူ့ရင်ဘတ်ထဲ မှီထားစေတယ် ပြီးနောက် ခေါင်းကို ဆတ်ကနဲလှည့်လိုက်ပြီး လျန်ဖုန်းကေားပစ်လိုက်တဲ့ ဓါးမြှောင်နဲ့ နံရံမှာစိုက်နေတဲ့သူကို ကြည့်လိုက်တယ် ။
  တံခါးအပြင်မှာ စူးယီမော့ရဲ့လူတွေရှိတာမို့ သူတို့က အချက်ပြခြင်းကို ရလိုက်တာနဲ့ ထိုလူသတ်သမားကို ချုပ်ထိန်းလိုက်တယ် ။ ထိုလူသတ်သမားက သိပ်မရုန်းကန်ပါဘူး မသိလိုက်မသိဘာသာနဲ့ ရင်ဘတ်ရှေ့က ရင်ထိုးကို ဖြုတ်လိုက်ပြီး လက်ထဲဆုပ်ကိုင်ထားတယ် ။
  စူးယီမော့ကို ထိုလူပ်ရှားမူကို မြင်လိုက်ပေမဲ့ မသိချင်ယောင်ဆောင်ကာ လက်အောက်ကလူတွေကို ထိုလူကို ခေါ်‌သွားစေတယ် ၊ တံခါးပိတ်ပြီးနောက်မှ သူ့ရင်ပတ်ထဲက လျန်ဖုန်းကေားကို လွှတ်ပေးလိုက်တယ် ။

လူစားထိုးWhere stories live. Discover now