006

571 97 1
                                    


  006

      အစားစားရင်း စကားပြောတဲ့ နောက်ဆက်တွဲကတော့ နင်တတ်တယ်လေ ၊ အထူးသဖြင့် လျန်ဖုန်းကောလို ပါးစပ်ထဲ အများကြီးသွပ်ထည့်ပြီး ဘယ်နှစ်ချက်မှမဝါးပဲ မျိုချတဲ့ လူမျိုးပေါ့ သူ့ရဲ့ မျက်နှာထားက ချက်ချင်းကို တောင့်တင်းသွားတယ် တူကိုပစ်ချပြီး လက်ကိုဆုပ်ပြီး ရင်ဘတ်ကို လေးငါးချက်လောက်ထုလိုက်ကာ လည်ပင်းကို ဆန့်ထုတ်ပြီး အတင်းကို မြိုချနေတယ် မျက်ဝန်းတွေတောင်နီနေပြီ ။
  
   စူးယီမော့ အသံထွက်ကာ သတိပေးတယ်
  " ဟင်းရည် နှစ်ငုံလောက်သောက်လိုက် "
  
    လျန်ဖုံးကော ရုတ်တရက်သဘောပေါက်သွားသည့်မျက်နှာနှင့် ဘယ်လက်က ညှစ်ပြီးကိုင်ထားတဲ့ မန်ထိုကိုလည်း ဟင်းပန်းကန်ထဲ ပြန်ပစ်ထည့်လိုက်ပြီး လက်နှစ်ဖက်နှင့် ဟင်းရည်ခွက်ကို မကာ နှုတ်ခမ်းနား'မ'လာကာ လေအေးနှစ်ချက်လောက်မူတ်လိုက်ပြီး ဖလူးဖလူးဆိုပြီး ဟင်းရည်နှစ်ငုံလောက်စုပ်သောက်လိုက်တယ် ၊ ဒီနှစ်ငုံသောက်လိုက်ချိန်တွင် ဟင်းရည်က သိပ်မပူနေပဲ ခပ်နွေးနွေးမှန်းသိတာနဲ့  ဂလုဂလုဆိုပြီး မော့ချတော့တယ် ။
  
သူ့ရဲ့ အငတ်သရဲဝင်စားသလို ပရမ်းပတာစားနေပုံကို  စူးယီမော့က အစအဆုံးကြည့်နေပြီး မအောင့်နိုင်ပဲ ခေါင်းခါလိုက်တယ် ။

    လျန်ဖုံးကေားက ဟင်းရည်ကို ကုန်အောင်သောက်ပြီးနောက် လေကိုအရှည်ကြီး မူတ်ထုတ်လိုက်တယ် ၊ မျိုချနိုင်လိုက်ပြီလေ ။

 "'မင်းရဲ့ ဒီလိုပုံက ဒဏ်ရာအပြင်းအထန်ရလို့ သေတော့မဲ့ လူနဲ့မတူဘူးနော် "

သူ့ရဲ့  ပလုတ်ပလောင်းစားကာအိန္ဒြေမရနေပုံကို စူးယီမော့ကကြည့်ပြီး လေသံအေးစက်စက်ဖြင့် လှောင်‌လိုက်တယ် ။

  လျန်ဖုံးကေားက ဗိုက်ပြည့်သွားပြီမို့ မတ်တပ်ထရပ်လာကာ လူနာကုတင်ဘက်ကို သွားရင်း
" တခါတလေ ပေါ့ပေါ့ပါးပါးနေတာ ဘာမှမဖြစ်ပါဘူး ၊ထပ်ပြောရရင် မင်း လာခါနီးတုန်းက အကုန်ပြင်ဆင်ထားပြီးပြီမလား ? "

  စူးယီမော့ငြိမ်နေတယ် ပြန်မပြောတော့ဘူး ။ အမှန်ပဲ၊ ဒီအချိန်အတွင်း ၊ ဟန်ဆောင်နေစရာမလိုဘူး ။

လူစားထိုးWhere stories live. Discover now