အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)

741 24 2
                                    


အခန်း ၁
( ငါ ပြန်လာခဲ့မယ် )

စစ်ဆေးရုံ...

အရေးပေါ် အခန်း တစ်ခု အတွင်း၌...

ထိပ်တန်း လက်ရွေးစင် ဆရာဝန် ငါးဦးမှာ သွေးတို့နှင့် ရွဲနစ်နေသည့် လူငယ်လေးတစ်ဦးအား အရေးပေါ် ခွဲစိတ်နေလေသည်။ သူ့ တစ်ကိုယ်လုံးတွင်လည်း ဆေးထိုးအပ်တို့ နှင့် ပြည့်နေလေပြီ။ မော်နီတာတွင် ပေါ်နေသည့် နှလုံးခုန်နှုန်း သင်္ကေတ အနိမ့်အမြင့် တို့ကြောင့်သာ မဟုတ်လျှင် ထို လူငယ်လေး သေဆုံးနေပြီဟုပင် ထင်ရလောက်သည်။

အရေးပေါ်အခန်း အပြင်ဘက်တွင်တော့ စုတ်ပြဲနေသည့် စစ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သည်နှစ်ယောက်သည် မီးပူအိုးပေါ် ရောက်နေသည့် ပုရွတ်ဆိတ်အလား ထိုင်မရ ထမရ ဖြစ်နေပြီး စိတ်ငြိမ်ငြိမ် မထားနိုင်ကြပေ။

ခွဲစိတ်ချိန် အလွန် ကြာမြင့်လွန်းသည်ကြောင့် သေမင်း နှင့် အပြိုင် အသက်လုနေရကြောင်း သိနိုင်ပေသည်။

နှစ်နာရီကြာပြီးနောက်တွင်တော့ ခွဲစိတ်ခန်း တံခါး ပွင့်လာလေသည်။ စစ်သည်နှစ်ယောက် ၊ နည်းပြ နှင့် အထက်လူကြီး အားလုံးမှာ ခွဲစိတ်ခန်းမှ ထွက်လာသည့် ဆရာဝန်တို့အား ဝိုင်းထားလိုက်သည်။

"ဘယ်လို ဖြစ်သွားပြီလဲ ဒေါက်တာ..."

ဆရာဝန်ငါးဦး အနက် လေးဦး မှာ သက်ပြင်းချကာ ထွက်သွားကြပြီး ရလာဒ်ကို ပြောပြရန် တစ်ယောက်သာ ကျန်နေခဲ့တော့သည်။
"ကျုပ်တို့ သူ့ကို ကယ်တင်နိုင်ခဲ့တယ်..."

စစ်သား နှစ်ယောက် နှင့် အထက်လူကြီးတို့ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသော်လည်း နည်းပြဆရာ က ဆရာဝန်၏ စကား မဆုံးသေးကြောင်း အကဲခတ်မိလိုက်သည်။

"နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာလဲ။ ပြန်ကောင်းလာဖို့ အချိန် ဘယ်လောက် ယူရမလဲ။"

ဆရာဝန် က သက်ပြင်းချရင်း...
"အတွင်း နဲ့ အပြင် ဒဏ်ရာတွေက မစိုးရိမ်ရတော့ပါဘူး။ ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ သူဟာ မျိုးရိုးဗီဇ သွေးရည်ကြည် အထိုးခံလိုက်ရတာပဲ။ အတိအကျ ပြောရရင် ဒီ မျိုးရိုးဗီဇ သွေးရည်ကြည်ထဲမှာ အတည်မပြုရသေးတဲ့ ဓာတုအမျိုးအစားတွေ ပါနေသေးတယ်။ အချိန်တွေ နောက်ကျမှ ကယ်တင်နိုင်ခဲ့တော့ သွေးရည်ကြည်က သူ့ သွေး နဲ့ ပေါင်းစပ်သွားပြီ။ သက်ရောက်မှုက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ကျဆင်းသွားခဲ့တာပဲ။"

နတ်နဂါးစစ်သည်Where stories live. Discover now