၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )

47 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၁၁

( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )

ညွှန်ကြားရေးမှူး ရှီ က ဒိုင်လူကြီးကို ...

"အခုလက်ရှိ အဆင့်က ဘယ်လိုလဲ..."

ဒိုင်လူကြီးက လက်ရှိ အချက်အလက်များကို စခရင်ပေါ်သို့ ဖွင့်ပေးလိုက်သည်။ လောလောဆယ်တွင် ရှုချန်း ရှိနေသည့်နေရာမှ လွဲ၍ အခြားနေရာများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၏။

အခြားသော ညွှန်ကြားရေးမှူးများကလည်း ၄င်းတို့၏ အဖွဲ့များ အခြေအနေကို သီးသန့်တက်ဘလက်များမှ တဆင့် ကြည့်ရှုနေကြ၏။

ဒိုင်သူကြီးက လက်ရှိ အဆင့်သတ်မှတ်ချက်ကို စခရင်အကြီးပေါ်၌ ပြလိုက်သောအခါ အားလုံး လှမ်းကြည့်လိုက်ကြ၏။

လက်ရှိစစ်မြေပြင်တွင်...

စစ်ဒေသ နှစ် = အသက်ရှင်ကျန်ရစ်သူ ခုနှစ်ယောက်။

စစ်ဒေသ လေး = အသက်ရှင်ကျန်ရစ်သူ ၁၁ ယောက်။

စစ်ဒေသ ငါး = အသက်ရှင်ကျန်ရစ်သူ တစ်ယောက်။

စစ်ဒေသ ခြောက် = အသက်ရှင်ကျန်ရစ်သူ ၁၅ ယောက်။

စစ်ဒေသ ရှစ် = အသက်ရှင်ကျန်ရစ်သူ ၁၅ ယောက်။

နေ့တစ်ဝက်ခန့်အကြာတွင် ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ထွက်ခွာသွားရပြီး ၂၁ သင်းမှာ ပြင်းထန်သော တိုက်ပွဲများ အလယ်၌ ရုန်းကန်ရင်း ကျန်ရစ်ခဲ့၏။

ညွှန်ကြားရေးမှူး ရှီ နှင့် ကြီးကြပ်ရေးမှူး ရန် တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရှုချန်း မထွက်ခွာရရေးအတွက် ဆုတောင်းမိကြ၏။ အချိန်အနည်းငယ်မျှ ပိုမိုတောင့်ခံနိုင်ရုံမျှဖြင့် စစ်ဒေသငါးသည် ထိပ်ဆုံးအဖွဲ့ ၂၀ အတွင်းသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့ ဝင်ရောက်နိုင်ခြင်းမှာ အောင်မြင်မှုရှိသည့် နှစ်တစ်ခုဟု ဆိုရပေမည်။ အကြောင်းမှာ ယခင်အခါက ပထမဆုံး ဖယ်ရှားခံရသော အဖွဲ့များအတွင်း၌ အမြဲ ပါဝင်ခဲ့သောကြောင့်ပင်။

အမှတ်ပေးဇယားကို တစ်ချက်ကြည့်လိုက်သောအခါ...

စစ်ဒေသအဆင့်သတ်မှတ်ချက်...

နတ်နဂါးစစ်သည်Where stories live. Discover now