၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )

57 2 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၅၆

(နောက်ယောင်ခံ လိုက်ခြင်း )

ရှုချန်းက ချီးမွမ်းခြင်းကို သိပ်ဂရုမစိုက်ချေ။ သူသည် နှိမ့်ချတတ်သူတစ်ဦးဖြစ်ရမည်။ သို့မဟုတ် အမြင့်သို့ရောက်နေသူမှာ အကျနာတတ်သည်ကို သိသောသူဖြစ်ရမည်။

ရှုချန်း ထိုင်ချလိုက်ပြီး ခန်းရီ ကို ကြည့်ကာ ပြောလိုက်၏။

"ခင်ဗျား ရွေးချယ်စရာနှစ်ခုရှိတယ်... ပထမတစ်ခုက မှောင်ခိုဘဏ်က ငွေမည်းတွေ ခင်ဗျား ကျုပ်တို့လက်ထဲ လွှဲပေးရမယ်... ခင်ဗျား အေးဆေးပဲဖြစ်လိမ့်မယ်... ဒုတိယ ရွေးချယ်စရာက ဒီငွေမည်းတွေကို ကျုပ် တွေ့အောင် ရှာမယ်... ဒါပေမဲ့ အဲဒီအခါကျရင် ခင်ဗျား ဒီမြို့ထဲက ထွက်‌ပြေးလို့ရမှာ မဟုတ်ဘူး... ထပ်ပြီးပြောရရင် ခင်ဗျားရဲ့ နောက်ကွယ်မှာရှိတဲ့ စီးပွားရေး မဟာမိတ်အဖွဲ့လည်း ခင်ဗျားကြောင့် စီးပွားရေးပိတ်ဆို့မှုဒဏ် အမျိုးမျိုးကို ခံစားရလိမ့်မယ်..."

ခန်းရီ က သူ့ခွက်ထဲသို့ လက်ဘက်ရည် ငှဲ့လိုက်ပြီး ...

"ကျုပ် ခန်းရီ က မှောင်ခိုဘဏ်မှာ ငွေဘီလီယံနဲ့ချီပြီး ထိန်းချုပ်နိုင်အောင် ကျော်ကြားတဲ့ပုဂ္ဂိုလ် တစ်ယောက်... ဒါပေမဲ့ အခုတော့ ဘာမှမဟုတ်တဲ့ ငချွတ်လေးတစ်ကောင်က ကျုပ်ကို ရွေးချယ်မှုလုပ်ခိုင်းပြီး ခြိမ်းခြောက်နေတာကို ခံနေရတယ်... ပြီးတော့ ရွေးချယ်မှု နှစ်ခုလုံးကလည်း ကျုပ်အတွက် အသာစီးမရဘူး... ကျုပ်ကအလျှော့ပေးပြီး အရှက်ကွဲခံမယ်လို့ ခင်ဗျား ထင်နေတာလား... "

ရှုချန်းကို အဆုံးထိ တိုက်ခိုက်ရန် ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့ကြောင်း ထင်ရှား၏။

"ခင်ဗျားရဲ့ မှောင်ခိုဘဏ်ကို ကျုပ် ဖော်ထုတ်နိုင်ရင် ဟွာရှမှာရှိတဲ့ ဝေ့နိုင်ငံ ရဲ့ စီးပွားရေးမဟာမိတ်အဖွဲ့ လုပ်ငန်းတွေကို ဟွာရှက ပစ်မှတ်ထား ဖယ်ရှားသွားမှာကို ခင်ဗျား မကြောက်ဘူးလား..."

"ဒါဆိုရင် ကျုပ်ရဲ့ မှောင်ခိုဘဏ် ဘယ်နေရာမှာရှိတယ်ဆိုတာ ခင်ဗျားအရင်ဆုံး စုံစမ်းလိုက်ဦး... တစ်ခုခုတွေ့တဲ့အခါမှ ကျုပ်တို့ စကားဆက်ပြောမယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now