အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )

30 3 0
                                    

အခန်း ၃၀၃

( ရင်ဆိုင်ရန် မဖြစ်နိုင်သော )

ထို့နောက် ရှုချန်း စော်ကားခဲ့သော တော်ဝင်မျိုးနွယ်များ တစ်ယောက်ပြီး တစ်ယောက် ပွဲရုံထဲသို့ ရောက်ရှိလာသည်။ တယ်ရီ ၊ ဂျန်ကင် နှင့် ပါလာသည့်သူများမှာ ရှုချန်းကို စောင့်ကြည့်ရန် နေရာကိုယ်စီ ထိုင်လိုက်ကြ၏။

ထို့နောက် တယ်ရီက ခါလန်းဘက်တွင် အားပေးနေကြောင်း ပြသရန် ထိုနေရာမှပင် ကြေညာလိုက်သည်။

"အားလ်ခါလန်းသာ အနိုင်ရခဲ့ရင် ဒီနေ့ရဲ့ အထိမ်းအမှတ်အနေနဲ့ ကြေးရုပ်ထု တစ်ခု ထုလုပ်ပေးမယ်... ပြီးရင် တခြားနိုင်ငံတွေကိုလည်း ငါတို့ ဗြိတိန်ရဲ့ ဆရာကြီးနဲ့ လာမယှဉ်ဖို့ သတိပေးမယ်... "

လူအုပ်ကြီးကလည်း ချက်ချင်းပင် ဝိုင်းဝန်း၍ အားပေးအားမြှောက် ပြုလိုက်ကြသည်။

စင်ပေါ်ရှိ ခါလန်းသည်လည်း မျက်လုံးများ အရောင်တောက်လျက် နှလုံးခုန်သံများပါ မြန်ဆန်လာ၏။ သူ၏ နာမည်ဖြင့် ကြေးရုပ်ထုတစ်ခု ရှိရန်ဆိုသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင် ကျော်ကြားနေမည်ဟု ဆိုလိုခြင်းပင်။ ထို့ကြောင့် တယ်ရီ ၏ မက်လုံးနောက်သို့ ကောက်ကောက်ပါအောင် ဆွဲငင်ခံလိုက်ရလေတော့သည်။

တစ်ဖက်မှ ကြည့်လျှင်လည်း တော်ဝင်မျိုးနွယ်များကို စော်ကားထားသော ရှုချန်းကိုသာ အမှန်စင်စစ် အနိုင်ပိုင်းနိုင်ခဲ့ပါက တစ်သက်လုံးစာ ကောင်းစားသွားမည့် အရေး ဖြစ်သည်။ ရိမန်း ထက် မသာလျှင်တောင် သူ့လောက်နီးပါး ကျော်ကြားလာမည် ဖြစ်ကာ သူ့အကြောင်း ရုပ်ရှင်များပင် ရိုက်ကူးကြလိမ့်မည်။

ထို အတွေး ရေစီးကြောင်းတွင် နစ်မြောနေသော ခါလန်းတစ်ယောက် တဖြည်းဖြည်း မာနများ ခေါင်ခိုက်လာတော့၏။

မကြာခင် သူ၏ ဘဝ ရည်မှန်းချက် ပန်းတိုင်သို့သာ ရောက်ရှိသွားပါက နောက်ခံ အသိုင်းအဝိုင်း ခိုင်မာသော မိန်းမလှလေး တစ်ယောက်နှင့် လက်ထပ်မည်ဟုလည်း စိတ်ကူးယဉ်နေလေသည်။

ရှုချန်းသည် ဆူညံပွက်လောရိုက်နေသော လူအုပ်ကို ကြည့်ကာ...

"တကယ်ကြီးလား... ငါက ဘာကောင်မှ မဟုတ်ဘူးလေကွာ... ဘာလို့ လူတိုင်းက ငါ့ကို သတ်ချင်နေကြတာလဲ... "

နတ်နဂါးစစ်သည်Nơi câu chuyện tồn tại. Hãy khám phá bây giờ