၁၅၉(အင်အားသုံး )

54 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၅၉

(အင်အားသုံး )

ကားများ နံဘေးတွင် ရပ်နေကြသော ခန်းရီ ၏ လူများမှာ သူတို့ ဖုံးကွယ်ထားသမျှ ပေါ်သွားပြီဖြစ်၍ ထိတ်လန့်နေကြကာ ထွက်ပြေးချင်နေကြတော့၏။ ခန်းရီ က တစ်စုံတစ်ခုတော့ ပြောမည်ဟု ထင်၍ အားလုံး မျှော်လင့်တကြီး လှည့်ကြည့်နေကြသည်။

ထိုအချိန်တွင် ခန်းရီ မှာလည်း ငွေများများ ပြန့်ကျဲ ဖုံးလွှမ်းနေသော ကြမ်းပြင်ကို ငေးစိုက်ကြည့်ရင်း အံ့အားသင့်နေ၏။

ထို့နောက် ရှုချန်းက အခြား သေတ္တာ တစ်လုံးမှ သော့ကို ထပ်မံ ပစ်ခတ်ပြန်ရာ သေတ္ဝာာအဖုံး ပွင့်သွားပြီး ငွေစက္ကူများလည်း ဖွားကနဲ လွင့်ထွက်လာပြန်သည်။

ရှုချန်းက...

" အဲဒါတွေ အကုန် ဖွင့်... "

" ဟုတ်ကဲ့ ခေါင်းဆောင်... "

ဝူကန်းနှင့် အခြားသူများက ပိုက်ဆံများ အပြည့်ပါနေသည့် သေတ္တာများကို ဖွင့်လိုက်ကြ၏။

" ခေါင်းဆောင်... ငွေသား အပြည့်ပဲ... "

" ခေါင်းဆောင်... ဒီပုံးလည်း အတူတူပဲ... "

" ခေါင်းဆောင်... ငွေသားတွေချည်းပဲ... "

မျက်နှာပျက်နေသော ခန်းရီ ကို ကြည့်ကာ ရှုချန်း လှောင်ပြုံး ပြုံးလိုက်၏။

" ဒု ဥက္ကဌ ခန်းရီ... ပြောစရာ ရှိလား... "

ခန်းရီ က လေသံမာမာဖြင့်...

" ဒါက စီးပွားရေး မဟာမိတ် အဖွဲ့ရဲ့ ပိုက်ဆံတွေကွ... ငါတို့ဆီက လာလုနေတာလား... ဒီကိစ္စ သံရုံးကို တင်ပြမယ်... "

" အိုး... "

ရှုချန်း ရယ်မောလိုက်၏။

" စီးပွားရေး မဟာမိတ်အဖွဲ့ဆိုတာ အဖွဲ့ဝင်တွေ စုဝေးတဲ့ ရုံးခန်း တစ်ခုလိုပဲ ဖြစ်သင့်တယ်... ဘယ်အချိန်ကတည်းက ဒီလောက် များပြားတဲ့ ငွေကြေးစီးဆင်းမှုကို ခွင့်ပြုထားတာလဲ... ဒါကြောင့် ခင်ဗျားကို ကျုပ် မေးရမှာက ခင်ဗျားရဲ့ စီးပွားရေး မဟာမိတ်အဖွဲ့မှာ လုပ်ငန်း လိုင်စင်ရှိလား... ဒီငွေတွေ ဘယ်က လာတာလဲ... ဝေ့နိုင်ငံ စီးပွားရေး မဟာမိတ် အဖွဲ့မှာ ဘာလုပ်ငန်း ပရော့ဂျက်မှ မရှိတာ ကျုပ် မှတ်မိတယ်... ဒီငွေတွေကို ခင်ဗျားတို့ ဘယ်လို ရထားတာလဲ... သေတ္တာ အလုံး ၂၀ လောက်ဆိုတော့ အနည်းဆုံး ၁၀ ဘီလီယံလောက် ရှိမယ်... ခင်ဗျားတို့ စီးပွားရေး မဟာမိတ်အဖွဲ့ရဲ့ အခွန်ဆောင်ထားတဲ့ လက်မှတ် ပြစမ်း... "

နတ်နဂါးစစ်သည်Where stories live. Discover now