အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )

64 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၃၆

(ကျွန်မရဲ့ သခင်ကြီး ကာနယ် )

မနက်မနိုးသေးခင်ပင် ရှုချန်း၏ ထုတ်ပယ်ခြင်းခံလိုက်ရသော ကပ္ပတိန်က ရှုချန်းကို တစ်ဦးချင်းစိန်ခေါ်၍ သူ့ကိုယ်သူ သက်သေပြလိုခဲ့သည်။ သို့သော် ရှုချန်း၏ တိုက်ပွဲမြင်ကွင်း ဗီဒီယိုများကို ကြည့်ပြီးနောက် လုံးဝ ကြက်သေ သေသွားခဲ့သည်။

သူက မည်သည်ကို စိန်ခေါ်ရမည်နည်း။ ရှုချန်းက တစ်ဦးတည်းဖြင့် ထိပ်ဆုံးနေရာမှ ပညာရှင်၆ဦးကို စိန်ခေါ်တိုက်ခိုက် အနိုင်ယူခဲ့သည်။ ထိုကပ္ပတိန်ဖြစ်သူက ထိပ်ဆုံးအယောက် ၃၀ ထဲသို့ပင် မဝင်ချေ။

သူက ထိုကဲ့သို့သောသူမျိုးကို ကိုယ့်ကိုယ်ကို သက်သေပြရန်အတွက် စိန်ခေါ်လိုသေးသည်လော။ ဤသည်က ပြက်လုံးတစ်ခု ဖြစ်နေပေလိမ့်မည်။

ရဲချူ၊ အမာရွတ်မျက်နှာလီနှင့်တကွ အခြားသော ပတ်တီးစည်းထားသည့် ထိပ်တန်းစစ်သည် ၁၀ ဦးလုံးကို မျက်စိထဲမြင်ယောင်သည့်အခါ ထိုကပ္ပတိန်က တစ်ကိုယ်လုံး တုန်ယင်သွားမိသည်။

ထိပ်တန်းစစ်သည် များအားလုံးက ရှုချန်း၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်းပင်။ ဤသို့ တွေးမိလိုက်သည့်အခါ သူ၏ နှလုံးသားတစ်ခုလုံး ဆောက်တည်ရာမဲ့ သွားခဲ့သည်။ လက်ရှိတွင် သူက ကိုယ့်ကိုယ်ကို ပါးဖြတ်ရိုက်ချင် မိသည်။

မည်သည့်အတွက် အားလုံး၏ ရှေ့မှောက်တွင် ရှုချန်းကို စိန်ခေါ်ခဲ့ရမိသနည်း။ ယခု သူက ဒူးထောက်၍ တောင်းပန်ရမည်ဆိုလျှင်ပင် ရှုချန်းနှင့် ရင်မဆိုင်ရရန် တောင်းပန်ပေလိမ့်မည်။

စင်မြင့်ထက်တွင်တော့ ရှုချန်းက မတ်တပ်ရပ် ငြိမ်သက်ပြီးနောက် အလေးပြုလိုက်သည်။ ဝန်ကြီးချုပ်က သူ့ကို ကြင်ကြင်နာနာ ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းကိုကြည့်ရင်း တစ်ယောက်ယောက်ကို ပြန်အမှတ်ရမိတယ်.."

ရှုချန်းက အတော်လေး အံ့အားသင့်သွားမိသည်။ ဝန်ကြီးချုပ်က သူ၏ဖခင်ဖြစ်သူ ရှုယန်းကို သိနေသည်လော။ ရှုချန်း၏ ဇစ်မြစ်က ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။ သို့သော် သူက အတွေးလွန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ဝန်ကြီးချုပ်က မည်သည့်အတွက် သူ့အဖေကို သိရှိနိုင်မည်နည်း။

နတ်နဂါးစစ်သည်Where stories live. Discover now