အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )

51 3 0
                                    

နတ်နဂါးစစ်သည်

အပိုင်း - ၂၄၃

(ဖယ်ရှားပစ်မယ် ( ၂ )

အောင်းလီက မည်မျှပင် တုံးအစေကာမူ ရန်ရှန်း၏ မကောင်းသတင်းများ ယခုအချိန် ထွက်ပေါ်လာခြင်းက တိုက်ဆိုင်ရုံသက်သက် မဟုတ်ကြောင်း နားလည်လိုက်သည်။

"ဒီရက်ပိုင်း ဘယ်သူနဲ့ ပြဿနာဖြစ်မိသေးလဲ..."

အောင်းလီက ရန်ရှန်းကို မေးလိုက်သည်။

"ဘယ်သူရှိရဦးမှာလဲ... ကျုပ်တို့ ရန်ဖြစ်နေရတာ လင်ချူရွယ်နဲ့ပဲရှိတာလေ... ဟုတ်တယ်မလား..."

ရန်ရှန်းက ပြန်ဖြေ၏။

"အဲဒါဆိုရင် Royal Imperial ကုမ္ပဏီ က မင်းကို နောက်ကျောဓားနဲ့ထိုးပြီ ထင်တယ်..."

အောင်းလီက ရန်ရှန်းကို စိုက်ကြည့်လိုက်သည်။

"မဟုတ်ရင် ဒီပုံတွေ ဘာလို့ ထွက်လာစရာအကြောင်းရှိမှာလဲ... မင်းမိန်းမ ကိုယ်ဝန်ရှိနေချိန်မှာ မင်းက ဒီလိုတွေ လုပ်ခဲ့တယ်... အဲဒီလင်ချူရွယ်မှာ ဘာကျောထောက်နောက်ခံမှ မရှိဘူး... ဒါကြောင့် မင်းကိုပြန်တိုက်ခိုက်ဖို့ ဒီလိုလုပ်ရပ်မျိုးပဲ လုပ်လိမ့်မယ်... မင်းက နာမည်ကြီးနေတော့ မင်းရဲ့ဂုဏ်သတင်းကို ညစ်ပတ်အောင် လုပ်ဖို့ဆိုတာ ရှာရမခက်ဘူးလေ..."

ရန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒါပေမဲ့ ပြဿနာက ကြော်ငြာကုမ္ပဏီတွေက ကျုပ်နဲ့ စာချုပ်ဖျက်သိမ်းသွားကြတာပဲ... ကျုပ်ရတဲ့ ငွေတွေ အကုန်လုံး ခင်ဗျားရဲ့ရုပ်ရှင်ထဲမှာ ရင်းနှီးမြှုပ်နှံလိုက်ပြီးပြီလေ... ကျုပ်က သူတို့ကို စရံပြန်ပေးဖို့ ပြန်အမ်းငွေ ဘယ်မှာသွားရှာရမလဲ..."

အောင်းလီသည်လည်း ထိုအကြောင်းတွေးရင်း ခေါင်းကိုက်သွားမိသည်။ ရန်ရှန်းက သူ၏ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံရန် သန်း ၅၀ နှင့် သဘောတူစာချုပ် ချုပ်ခဲ့သည်မဟုတ်ပါလား။

"မပူပါနဲ့... ရုပ်ရှင်နယ်ပယ်ထဲမှာ ဒီလိုသတင်းမျိုး ထွက်လာတာ ထုံးစံပါပဲ... ပြီးတော့ အစကတည်းက မင်းအကြောင်း သတင်းတွေက ဟိုနည်းနည်း ဒီနည်းနည်း ထွက်နေပြီးသားလေ... လီဝမ်သာ တိတ်တိတ်နေပြီး ဝန်မခံဘူးဆိုရင် အဲဒီဓာတ်ပုံတွေလောက်နဲ့ မင်းကိုဖြုတ်ချလို့ ရမှာမဟုတ်ဘူး... ငါတို့ လော်ဘီ ကောင်းကောင်းလေး ငှားရမယ်... ပြီးရင် ဒီပုံတွေက ပြင်ထားတဲ့ပုံတွေပါဆိုတာ သက်သေပြဖို့ ကျွမ်းကျင်သူတွေ ရှာရမယ်... ကံကောင်းရင် ဒီ မတော်တဆမှုကနေ မင်း သတင်းစာခေါင်းကြီးပိုင်းတောင် ရနိုင်လောက်တယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now