အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )

63 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၃၈

( ရှန်ဝမ်ဆန်း )

ရှန်ယောင်၏ အိမ်သို့ ရှုချန်း ပထမဆုံးသွားခြင်း ဖြစ်သည်။ သူမ၏ အိမ်သည် ရှန်ချန်းမြို့တွင်းမှ သူဌေးရပ်ကွက် တစ်ခုအတွင်း၌ ရှိ၏။ ရှန်ယောင်၏ ဖခင်ကို ယခင်က မမြင်ဖူးသော်လည်း အနောက်ပိုင်းတံခါးဝဂိုဏ်းပင် မစော်ကားဝံ့သော ရှန်မိသားစု ဖြစ်နေသည့်အတွက် သာမန်လူတစ်ဦးတော့ မဟုတ်နိုင်ပေ။

ရှန်ယောင်၏ ပြိုင်ကား ခြံရှေ့သို့ ဆိုက်ရောက်လာသည်။ အိမ်အကူက လျှပ်စစ်စနစ်သုံး တံခါးကိုဖွင့်လိုက်ရာ ရှန်ယောင်ကို တွေ့လိုက်ရသည့်အတွက် လွန်စွာ ဝမ်းမြောက်သွား၏။

"မမလေး ပြန်လာပြီ... ခဏနော်... သူဌေးကို အကြောင်းကြားပေးပါ့မယ်..."

"မလိုဘူး..."

ရှန်ယောင်က တိုးတိုးလေးပြောကာ တားမြစ်လိုက်သော်လည်း အိမ်အကူက အတွင်းသို့ဝင်၍ သူဌေးရှန်ကို အကြောင်းကြားလိုက်၏။

ကားဂိုဒေါင်ထဲတွင် နာမည်ကျော် တန်ဖိုးကြီးကား တစ်ဒါဇင်ခန့် ရပ်ထား၏။ ထိုကားများ အားလုံးသည် ရှန်ယောင်၏ မွေးနေ့တိုင်းတွင် ဖခင်ဖြစ်သူက လက်ဆောင်အဖြစ်ဝယ်ပေးခဲ့သည့် အကန့်အသတ်နှင့် ထုတ်ထားသော တန်ဖိုးကြီးကားများ ဖြစ်ပေသည်။ သို့သော် ရှန်ယောင်၏ အစ်ကိုဖြစ်သူ ကြေကွဲဖွယ် မတော်တဆမှု တစ်ခုကြောင့် သေဆုံးသွားပြီးကတည်းက သူမလည်း ဤအိမ်မှ ထွက်ခွာသွားခဲ့သည်။ ထိုကားများကို မမောင်းနှင် မထိတွေ့ ခဲ့သည်မှာလည်း အချိန်အတော်ကြာလေပြီ။

ရှန်ယောင်က ရှုချန်းကို ပင်မဧည့်ခန်းထဲသို့ ခေါ်သွား၏။ ဗီလာတစ်ခုလုံးမှာ လွန်စွာ ကြီးမားသည့်အပြင် သီးသန့် ပန်းဥယျာဉ်တစ်ခုနှင့် မိုးလုံလေလုံ ရေကူးကန်ပါ ရှိနေ၏။ အိမ်ကို လှည့်ပတ်ကြည့်ရှုနေသော ရှန်ယောင်ကို သတိပြုမိသည့်အတွက် ရှုချန်းက...

"နင် ဘယ်တုန်းက နောက်ဆုံးပြန်လာခဲ့တာလဲ... ကိုယ့်အိမ်ကိုတောင် မမှတ်မိတော့ဘူးလား..."

ရှန်ယောင် သက်ပြင်းချကာ စိတ်ပျက်သော အသံဖြင့်...

"ငါ အလုပ်ရကတည်းက ပြန်မလာတော့တာပဲ..."

နတ်နဂါးစစ်သည်Where stories live. Discover now