အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )

30 3 0
                                    

အခန်း ၃၀၇

( ခြိမ်းခြောက်ခြင်း )

ဂျန်ကင် မှာ ဒေါသ ငယ်ထိပ်ရောက်သွားသည်။ တယ်ရီ၏ လက်ထဲမှ ဖုန်းကို အလျင်အမြန် ဆွဲယူလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

"ဟျောင့် မင်း ရူးနေလား... သူ့ကို တကယ် အဲ့ဒီလောက်တောင် ကြောက်နေရလားကွ... "

တယ်ရီသည် နဖူးမှ ချွေးစီးများပင် ပြန်နေပြီ ဖြစ်သည်။

"မင်း မကြောက်ဘူး ဆိုရင် မင်းရဲ့ ကုမ္ပဏီရဲ့ အကြောင်း ကြေညာတာကိုလည်း မကြောက်နဲ့လေ... "

"မင်း သတင်းကြောင့် ငါ့ ကုမ္ပဏီရဲ့ စတော့ ရှယ်ယာတွေ ဘယ်လောက်တောင် ဂယက်ရိုက်သွားမလဲ နားမလည်ဘူးလား... "

"ငါ သိတယ်... ဒါပေမဲ့ ငါ့ ဘဝနဲ့ ယှဉ်ရင်တော့ မင်း ဘာပဲ ဖြစ်ဖြစ် ဂရုမစိုက်နိုင်တော့ဘူး... မင်း သေသေ ရှင်ရှင် မင်း စောက်ကြောင်းပဲ... "

ဂျန်ကင် က သူ့ကို အားဖြင့် တွန်းလိုက်ပြီး...

"မင်းကို လုံးဝ ဖုန်းခေါ်ခွင့် မပေးနိုင်ဘူး... အဲ့ဒီ ရှုချန်း ဆိုတဲ့ ကောင်က ဘာလုပ်နိုင်မှာ မလို့လဲ... ဖုန်းမခေါ်တာလောက်နဲ့ သတ်ပစ်မှာ မလို့လား... "

တယ်ရီက သူ့ဖုန်းကို ပြန်ယူရန် ကြိုးစားသည်။

"ဟုတ်တယ်... သူ ငါ့ကို သတ်ရင်တောင် သတ်နိုင်တယ်... သူ အရင်တုန်းက ဘာတွေ လုပ်ခဲ့လဲ ဆိုတာ မင်း မသိဘဲနဲ့ ရန်ငြှိုးတွေ ကြီးအောင် လုပ်မနေနဲ့... မင်း သူ့ကို ဆန့်ကျင်ရင် သေတာထက် ပိုဆိုးတဲ့ အရာတွေနဲ့ ကြုံသွားရလိမ့်မယ်... နားလည်လား... ငါ့ ဖုန်း ပြန်ပေး... "

ဂျန်ကင်...

"မင်း ပြောတာတွေ ငါ မယုံဘူး... မင်း အကြောက်လွန်ပြီး သွေးရူသွေးတန်းတွေ လျှောက်တွေးနေတာကွ... စိတ်ကို ငြိမ်အောင် ထားပြီး ငါ ပြောတာကို သေချာ နားထောင်... အခု ဖုန်းခေါ်ဖို့ ကိစ္စကို ခဏ မေ့ထားလိုက်... အရင်ဆုံး ငါ့ ရှယ်ယာတွေ ရောင်းဖို့ အချိန် ခဏပေး... ပြီးရင် အေဂျင်စီကိစ္စ ပြေလည်အောင် လုပ်ဖို့ Shell ဌာနချုပ်ကို သွားပြီး ညှိနှိုင်းလိုက်မယ်... မင်း ဘာမှ စိတ်မပူနဲ့... ဒီကောင် ထပ်ပြီး လာမရှုပ်နိုင်အောင် အပြတ် ရှင်းပေးမယ်လို့ ငါ ကတိပေးတယ်... "

နတ်နဂါးစစ်သည်Wo Geschichten leben. Entdecke jetzt