အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )

136 13 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၄၇
( ငါ မဖမ်းရဲတဲ့သူ မရှိဘူး )

ထိုအချိန်တွင် အဝတ်လဲခန်းတံခါးကို တွန်းဖွင့်ကာ ရှုချန်း ဝင်လာသည်။ သူသည် သခင်လေး ချန် ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး "တခြားသူတွေကို အတင်းအကြပ် ဖိအားမပေးချင်စမ်းပါနဲ့... အထူးသဖြင့် အမျိုးသမီးတွေကိုပေါ့..."

သခင်လေး ချန် အနည်းငယ်ဒေါသထွက်သွားကာ "မင်းက ဘာကိစ္စရှိလို့ ရောက်လာတာလဲ..."

ရှုချန်းသည် လင်ချူရွယ်၏ ခင်ပွန်းဖြစ်ကြောင်း ပြောပြချင်သော်လည်း လျှာဖျားတွင် ရောက်နေသော ထိုစကားလုံးများကို ပြန်လည်မြိုသိပ်လိုက်ပြီးမှ "သူမ မကြိုက်တဲ့အရာတခုကို ဘာလို့ အတင်းအကြပ် ဖိအားပေးပြီး ခိုင်းနေတာလဲ... မင်းအနေနဲ့ မြင်းကို ရေရှိတဲ့နေရာကိုပဲ ခေါ်သွားလို့ရမယ်... ရေသောက်ခိုင်းလို့တော့ မရဘူး... ဒီ စကားပုံကို မင်းမသိဘူးလား..."

သခင်လေး ချန် က ဒေါသတကြီးဖြင့် "ဒီကနေ ထွက်သွားစမ်း... ဒီမှာ ဘာတွေပဲဖြစ်နေဖြစ်နေ မင်းကိစ္စ တပြားမှမပါဘူး..."

ရှုချန်းသည်လည်း သခင်လေး ချန် ကို စူးရဲစွာကြည့်လိုက်ကာ "အပြင်ထွက်ရမဲ့ကောင်က မင်းပဲ... ဘယ်သူ့ အဝတ်လဲခန်းထဲ ရောက်နေတာလဲ..."

သခင်လေး ချန် သည် ရှုချန်းကို စိုက်ကြည့်ကာ ရယ်မောလိုက်ပြီး "မင်းက ဘယ်သူလဲ ခွေးကောင်..."

ရှုချန်းသည် သူ၏ ယူနီဖောင်းကို ပုတ်ပြကာ "မင်း စောက်လုံးကန်းနေလား..."

သခင်လေး ချန် ကလည်း အသံနက်ကြီးဖြင့် ... "မင်းလိုမျိုး ကင်းလှည့်အရာရှိလေး တယောက်က ငါ့ကို အမိန့်ပေးနိုင်မှာတဲ့လား..."

"လူအဝတ် ဝတ်ထားတဲ့ တိရစ္ဆာန်တကောင်က လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ကျူးလွန်နေတယ်ဆိုတဲ့ သတင်းကြောင့် ဒီနေရာကို စစ်ဆေးဖို့ရောက်လာခဲ့တာ..."

ရှုချန်း၏ စကားကြောင့် လင်ချူရွယ် အံ့အားသင့်မိသွားသည်။

"လူလိုဝတ်ထားတဲ့ တိရစ္ဆာန်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ..."

"မိန်းကလေးတယောက်ကို နှောင့်ယှက်နေတဲ့သူက လူအဝတ် ဝတ်ထားတဲ့ တိရစ္ဆာန်ပဲပေါ့... မင်း ငါ့ကိုပြောစမ်း... မိန်းကလေးကို မင်း နှောင့်ယှက်နေတာမလား..."

နတ်နဂါးစစ်သည်Where stories live. Discover now