အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )

44 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၈၆

(နောက်ဆုံး )

ထို့နောက် အစောင့်များက သေနတ်များ ချက်ချင်းထုတ်၍ ရှုချန်းကို ချိန်ရွယ်လိုက်၏။

ထိုမြင်ကွင်းကို ရှုချန်း ကြည့်၍ ခပ်ရဲ့ရဲ့ပြုံးလိုက်၏။ ထိုနောက် နန်းတော် တံခါးဝတွင် ရပ်နေသော ဘုရင်မကြီးကို ကြည့်လိုက်ပြီး...

"အခုတော့ ကျုပ်နားလည်သွားပြီ... ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေလိုပဲ ခင်ဗျားတို့ မင်းမျိုးမင်းနွယ်နဲ့မြင့်မြတ်တဲ့သူတွေအားလုံးက သောက်ရူးတွေ ချည်းပဲ... ခင်ဗျားကြီးက အိုနေပြီဆိုတော့ ကျုပ်ပြောခဲ့တဲ့ စကားတွေကို မေ့သွားပုံပဲ... ဒါ ပုံမှန်ပါပဲ... ကျုပ် ခင်ဗျားကို ပြောပြမယ်... ကျုပ် ဒီနေ့ကို စောင့်နေတာ ငါးနှစ်တိတိရှိပြီ... ဒီနေ့တော့ သက်သေပြနိုင်ခဲ့ပြီ... အရင်တုန်းက ကျုပ် ခွဲခြားဆက်ဆံခံရတယ် စော်ကားခံရတယ်... အနှိမ်ခံခဲ့ရတယ်... ဒီနေ့တော့ ကျုပ် ဆုံးရှုံးခဲ့သမျှ ပြန်ယူဖို့ လာခဲ့တာ... ခင်ဗျား ကျုပ်ကို သေစေချင်ရင် ကျုပ်လက်သီးနဲ့ကျုပ်ကို ပြန်ထိုးမှပဲ သေလိမ့်မယ်..."

ပြောဆိုနေရင်းနှင့် ရှုချန်း၏ မျက်နှာ တင်းမာလာပြီး လက်ထဲမှာ ဓါးမြှောင်လည်း လှုပ်ရှားလာသည်။

ထို့နောက် ရှုချန်း လှစ်ခနဲ ပျောက်ကွယ်သွား၏။

ကြောင်တစ်ကောင်၏ ပေါက်ကွဲနိုင်သော စွမ်းအားအရှိန်အဟုန်ဖြင့် သေနတ်ကိုင်ထားသော ကိုယ်ရံတော် ၁၀ ဦးထံ အမြှောက်ဆံ တစ်ခုကဲ့သို့ ပြေးဝင်သွား၏။

ကိုယ်ရံတော်များကလည်း ချက်ချင်းပင် ပစ်ခတ်၏။

အကယ်၍ ပစ်ခတ်သူ နှစ်ဦးသာ ဆိုပါက ရှုချန်း ရှောင်တိမ်းနိုင်ပေလိမ့်မည်။ သို့သော် အလင်းရောင် ကောင်းကောင်းမွန်မွန်ရနေသော နေရာ၌ လူ ၁၀ ယောက်က ဝိုင်းအုံပစ်ခတ်နေသည့်အတွက် ရှုချန်း ရှောင်တိမ်း၍ မရချေ။

မျက်နှာကိုရော နှလုံးရှိရာ ဘယ်ဘက်ရင်အုံကိုပါ လက်တစ်ဖက်ထဲဖြင့် ကာဆီးပြီး ရှေ့သို့ ပြေးဝင်လာခဲ့၏။ အခြားခန္ဓာကိုယ် အစိတ်အပိုင်းမှာ ကျည်ဆန်ထိမှန်သည့်အတွက် သွေးများ ယိုစီးကျနေ၏။ သို့သော် ရှုချန်း၏ ပြေးဝင်လာသည့်အရှိန်ကို တားနိုင်ခြင်း အလျင်းမရှိချေ။ ဓါးမြှောင် လက်ခနဲဖြစ်သွားပြီး ကိုယ်ရံတော် သုံးဦး၏ လည်ချောင်းမှ သွေးများစီးဆင်းလာ၏။

နတ်နဂါးစစ်သည်Where stories live. Discover now