အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )

53 2 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၂၆

(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )

လျူဝေနှင့် အခြားသူများကို တွန်းထုတ်ရင်း ထိုက်ချီက ရှုချန်း၏ အရှေ့ရပ်ကာ တားဆီးလိုက်သည်။ "ဖျက်မြင်း ဘယ်လောက် ဖျက်နိုင်မလဲ(သန်မာသလဲ) ဆိုတာ ကြရအောင်.."

ထို့သို့ ပြောပြီးနောက် ထိုက်ချီက တစ္ဆေတစ်ကောင်အလား အလျှင်နှုန်းဖြင့် ရှုချန်း၏ ရင်ဘတ်ကို လှမ်းထိုးလိုက်သည်။ ရှုချန်းပင် ထိုက်ချီ၏ အလျှင်နှုန်းက ထိုမျှ မြန်ဆန်မည်ဟု မထင်ထားခဲ့။ သို့သော် မြန်ရုံသာ ဖြစ်ပြီး ရှုချန်းက လုံးဝ လှုပ်ရှားတုန်ပြန်ခြင်း မရှိပေ။ ထိုက်ချီ၏ လက်သီးက နံရံကို ဝင်ဆောင့်သွားသည့် ပမာ ခံစားလိုက်ရသည်။

"နာလား.." ရှုချန်းက အံ့အားသင့်နေသော ထိုက်ချီကို မေးလိုက်သည်။ ထို့နောက် သူ၏ ရင်ဘတ်ကြွက်သားများကို လှုပ်ရှားလိုက်သည်တွင် ထိုက်ချီ တစ်ယောက် အနောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ရ၏။ ထိုက်ချီက ချက်ချင်းပင် ကိုယ်တစ်ပတ်လှည့်၍ ခြေကန်ချက် ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ထိုကန်ချက်က တခုခု လိုအပ်နေသည့်ပမာ ပြင်းအား မပါခဲ့သလို ရှုချန်းအတွက်လည်း ခြေတစ်လှမ်းပင် နောက်ဆုတ်ရခြင်း မရှိချေ။

"မင်း အလျှင်နှုန်းက တော်တော်လေး မြန်ပါတယ်.. ဒါပေမယ့် ဘာအားမှ မပါဘူး.." ရှုချန်းက ထိုသို့ ပြောရာ ထိုက်ချီတစ်ယောက် ဒေါသူပုန် ထသွားသည်။ သူ၏ ပုပြတ်ပြတ် ခန္ဓာကိုယ်က မျောက်တစ်ကောင်နှယ် လျှင်မြန်စွာ လှုပ်ရှားရင်း ရှုချန်း၏ နောက်ကျောသို့ ရောက်ရှိ သွား၏။

လက်ဝါးစောင်းကို ဓားကဲ့သို့ အသုံးပြု၍သော်တဖုံ၊ လက်သီးချက်များဖြင့် တဖုံ တစ်စက္ကန့်အတွင်း၌ ထိုက်ချီက ရှုချန်း၏ ကျောပြင်ကို ကျောပြင်မှ ခန္ဓာကိုယ် အောက်ပိုင်းထိ သုံးနေရာ တိုက်ခိုက်လိုက်သည်။

ထိုက်ချီ၏ က သုံးချက်သာ လှုပ်ရှားသည်ဟု ထင်မှတ်ရသော်လည်း စင်စစ် တိုက်ကွက် ၁၀ကွက်ကျော် ထုတ်ဖော်ခဲ့ခြင်းပင်။ သူ၏ အမြန်နှုန်းက သာမန် မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျှင်မြန်လွန်းနေခြင်းသာ ဖြစ်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now