106+107

91 8 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၀၆
( အဖွဲ့ ( ၂ ) က အဖွဲ့ ( ၅ ) ထက် ကိုင်တွယ်ဖို့ ခက်မယ်… )

ဤအချက်အလက်များအရ ချန်းချင် ၏ အသားတင် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မသင်္ကာစရာ ရှိနေ၏။ သို့သော် ဤအချက်လောက်နှင့်တော့ တရားစွဲရန် မလုံလောက်သေးချေ။ ချန်းချင် ကျူးလွန်ခဲ့သော အတိတ်မှ ပြစ်မှုမှတ်တမ်းများကိုပါ စုဆောင်းရန် လိုအပ်နေသေးသည်။

ရုံးခန်းသို့ ရှုချန်း ပြန်ရောက်သောအခါ ကာစီနို ငါးခုနှင့် ပတ်သတ်သည့် အချက်အလက်များ စုဆောင်းထားသော ဖိုင်များနှင့်အတူ လီချောင်ဝင်လာသည်။

“ ခေါင်းဆောင်… ဒီမှာ ကာစီနို ငါးခုလုံးရဲ့ ငွေရေးကြေးရေး အချက်အလက်တွေ ရှိတယ်… ပမာဏများတဲ့ ဝင်ငွေ၊ ထွက်ငွေ အရင်းမြစ်ကလွဲလို့ ကျန်တဲ့ အချက်အလက်အကုန် ပါတယ်… “

သို့နှင့် ရှုချန်းလည်း ဖိုင်တွဲများကို စတင် စစ်ဆေးကြည့်ရှုလိုက်၏။ မကြာမီမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာကာ ဝူကန်း နှင့် အခြားသူများ ဝင်လာသည်နှင့် ချက်ချင်း ပြောလိုက်၏။

“ ခေါင်းဆောင်… ခင်ဗျား ပြောတာ ဟုတ်တယ်… လာမယ့် တစ်ပတ်အတွင်း ပိုကာ ပြိုင်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတယ်… ကျုပ်တို့ အတွင်း သူလျှိုက သတင်းအတိအကျ ပေးထားတယ်… လောင်းကစား နတ်ဘုရားတွေနဲ့ လူချမ်းသာတွေ အတော်များများ လာလိမ့်မယ်… လောင်းကစား နတ်ဘုရားတွေရဲ့ ကစားပွဲတွေကို လူချမ်းသာတွေ အနေနဲ့ လောင်းကြေး ကြီးကြီး ထပ်ကြမယ်လို့ ခန့်မှန်းရတယ်… ဒါ ခင်‌ဗျား ပြောသလို ငွေကြေးခဝါချတာ ဖြစ်လိမ့်မယ်… “

ထို့ကြောင့် ရှုချန်းလည်း အဖွဲ့ဝင်တိုင်းကို ချက်ချင်း အမိန့်ပေးလိုက်၏။

“ လီချောင်… နိုင်ငံခြား ငွေစာရင်းတွေနဲ့ စုငွေစာရင်းတွေ အပါအဝင် ကာစီနိုရဲ့ အကောင့် အကုန်လုံးက ဝင်ငွေ ထွက်ငွေအားလုံးကို ဆက်ပြီး စောင့်ကြည့်ထား… ဝူကန်း… မင်းက ကာစီနို ကိုယ်စားလှယ် ငါးယောက်နောက်ကို ဆက်ပြီး ခြေရာခံ… သူတို့ ဘယ်သွားသွား ဘာလုပ်လုပ် ငါ့ကို သတင်းပို့ပါ… “

နတ်နဂါးစစ်သည်Where stories live. Discover now