69+70(အခြေအနေ)

99 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၆၉
( အခြေအနေ )

ဖုန်းချလိုက်ပြီး လက်မှ နာရီကို လင်ချူရွယ် ကြည့်လိုက်သည်။ ထိုးသတ်ပွဲ စတင်ရန် မိနစ် ၂၀ သာ လိုတော့၏။ မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ပင် ရောက်ရှိနေပေသည်။ သို့သော် ရှုချန်း ဘယ်ရောက်နေသည်နည်း။

သို့သော် သူမ တဦးသာမက စစ်ဒေသ ရှစ်မှ အရာရှိများ အားလုံးလည်း ရှုချန်းအား ရှာဖွေနေကြပေသည်။

သို့သော် ရှုချန်း မလာခြင်းမှာလည်း ကောင်းပေသည်ဟု သူမ စိတ်ရင်းနှင့် ဆုတောင်းမိ၏။ ဤကဲ့သို့ ဒေါသတကြီး တိုက်ခိုက်နေမည့်အစား ထိုးသတ်ပွဲလို့ မလာခြင်းကပင် သူ့အား အသက်ရှင်ခွင့် ရစေနိုင်သည်။

ယန်ကျင်း စိုးရိမ်တကြီး ပြောလာ၏။
" သူ လာမှာလား... "

ရှန်ယောင် လည်း အတော်လေး စိတ်ပူနေမိသည် ။
" သူ ဒီစိန်ခေါ်မှုကို လက်ခံလိုက်ကတည်းက သေမှာ ဒါမှမဟုတ် ရှုံးမှာကို ငါ စိုးရိမ်မိတယ်... ဒီတော့ သူ ရောက်မလာတာလဲ ကောင်းပါတယ်... "

လင်ချူရွယ် တိုးညှင်းစွာ ရေရွတ်လိုက်သည် ။
" သူ့ ဒေါသကို ပြန်ထိန်းချုပ်ပြီးလို့ မလာတော့တာ နေမယ်... "

ယန်ကျင်းနှင့် ရှန်ယောင်တို့ လင်ချူရွယ်အား အံ့ဩတကြီး ကြည့်လိုက်သည်။

" သူ့ ဒေါသ ဟုတ်လား... နင် ပြောပုံက ရှုချန်းအကြောင်း အတော်လေး သိပုံပဲ... "

လင်ချူရွယ်သည် မျက်တောင်တို့ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးမှ ....
" မဟုတ်ပါဘူး... အဲလို ထင်မိတယ် ပြောတာ... မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်တွေက တိုက်ခိုက်တာ ထူးချွန်တယ်လေ... ဒါကြောင့် ဒီ နှစ်ရက်အတွင်းမှာ ရှုချန်း သေချာတွေးပြီး စိတ်လျှော့လိုက်တာနေမယ်... "

ထိုစဉ် အားကစားရုံ ဝင်ပေါက်တွင် ရပ်နေသည့် သူတဦးကို ယန်ကျင်း တွေ့လိုက်၏။ အရပ် ၁.၉ မီတာ မြင့်ကာ တောင့်တင်းလှသော ခန္ဓာကိုယ်မှာ နေထိုးနေသည့် အတွက် ကြီးမားသော အရိပ်ကြီး တခု ထွက်ပေါ်နေရာ အားလုံး သတိထားမိလိုက်ကြသည်။

" သူရောက်ပြီ... "

ရှန်ယောင်နှင့် လင်ချူရွယ်လည်း ဝင်ပေါက်သို့ လှမ်းကြည့်လိုက်ရာ ရှုချန်းကို မြင်လိုက်ရ၏။ ရှုချန်းသည် စီးကရက်ဗူးကို အမှိုက်ပုံးထဲ လွှင့်ပစ်၊ ဂျက်ကပ်ကို ချွတ်ကာ စင်မြင့်ဆီသို့ ကိုယ်ကျပ် စွပ်ကျယ် အင်္ကျီ အဖြူလေးဖြင့် တလှမ်းချင်း လျှောက်လှမ်းလာနေသည်။

နတ်နဂါးစစ်သည်Where stories live. Discover now