၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)

75 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၆၅

( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)

ညဘက်...

ရှုချန်း၊ လင်လဲ့၊ ရှန်ယောင်နှင့် ယန်ကျင်းတို့ မြစ်ကမ်းနံဘေးရှိ ဘားတွင် အတူသောက်နေကြ၏။

ယန်ကျင်းနှင့် ရှန်ယောင်တို့ နှစ်ဦးစလုံးမှာ စိတ်မပျော်ကြဘဲ ရှုချန်းကိုသာ တွေတွေလေး ငေးကြည့်နေရှာ၏။ ရှန်ယောင်က သူမ၏ လက်နှစ်ဖက်ကို ပါးပြင်လေးများအား ထောက်လိုက်ပြီး ကြီးလေးသော ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့သော ရာဇဝတ်သားတစ်ဦးကို စစ်ဆေးမေးမြန်းတော့မည့် ပုံစံဖြင့် ရှုချန်းအား ကြည့်နေ၏။

အသားကင် အချို့ကို ဝါးနေသော ရှုချန်းက ၄င်းကို မြင်လိုက်သောအခါ အံ့အားသင့်စွာ မေးလိုက်၏။

"အဆင်ပြေရဲ့လား..."

"နင် အလုပ်မှာလည်း အဆင်ပြေနေရဲ့သားနဲ့ ဘာလို့ထွက်လိုက်တာလဲ..."

ရှန်ယောင် ဘာမှ မမေးသေးခင်မှာပင် ယန်ကျင်းက ဦးစွာ မေးလိုက်၏။

"ဟုတ်တယ်... ငှက်ကလေးတွေတောင် ပျော်ကြတဲ့ ရှန်ချန်းလိုမြို့ကြီးမှာ တစ်ခုခု ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်ချင်တဲ့သူ ဘယ်နှစ်ယောက်တောင်ရှိလဲဆိုတာ နင်မသိဘူးလား... ကျော်ကြားမှုတွေ အာဏာတွေအပြည့်နဲ့ အခု ရနေတဲ့နေရာကိုရောက်ဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲ... ဘာလို့ အခုချိန်ကျမှ ထွက်ဖို့ ရွေးချယ်တာလဲ... နင် အသက်ငယ်လွန်းသေးတယ်..."

ရှုချန်း၏ ဆုံးဖြတ်ချက်မှာ စိတ်လိုက်မာန်ပါ တဇွတ်ထိုး ဖြစ်လွန်းသည်ဟု ရှန်ယောင် ခံစားမိ၏။

လင်လဲ့က အရက်တစ်ခွက်ငှဲ့ရင်း ပြုံးပြီး ...

"အစ်မတို့ နားမလည်သေးပါဘူး... ကျုပ် ယောက်... အဲလေ အစ်ကိုချန်းကို နားမလည်ကြဘူး... သူက ဒီလိုအရာတွေကို ဂရုမှမစိုက်တာ..."

ရှန်ယောင်ရော ယန်ကျင်းပါ ရှုချန်းကို ကြည့်လိုက်ကြ၏။

"ဒါဆို နင်လိုချင်တာဘာလဲ..."

ရှုချန်း အရက်တစ်ခွက်ငှဲ့လိုက်ပြီး သူတို့ကိုကြည့်ကာ ပြောလိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now