အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )

55 6 0
                                    

နတ်နဂါးစစ်သည်

အပိုင်း ၂၆၂

( စစ်ဆင်ရေးအောင်မြင်ခြင်း )

ငါးချက်မြောက် ကျည်ဆံ ပစ်ခတ်ပြီးချိန်နှင့် ချိန်သားကိုက်ပင် ဓာတ်လှေကားတံခါး ပိတ်သွား၏။ တခြား သက်တော်စောင့်များလည်း သေနတ်သံ ကြားသည်နှင့် ပြန်လည်ပစ်ခတ်ရန် ပြင်လိုက်သည်။ သို့သော် ရှေ့ဆုံးမှ မြင်ကွင်းကွယ်ထားသလို ဖြစ်နသော သက်တော်စောင့်ငါးဦး လဲကျသွားသည်နှင့် သူတို့ မြင်တွေ့လိုက်ရသည်က ပိတ်ကာသွားပြီ ဖြစ်သော ဓာတ်လှေကား၏ တံခါးနှစ်ချပ်ကိုသာ ဖြစ်လေ၏။

အတွင်းထဲ ရောက်နေပြီး ဖြစ်သည့် ရှုချန်းမှာမူ ဓာတ်လှေကား တံခါး ပိတ်သွားသည်နှင့် ပစ္စတိုသေနတ်ကို ပြန်သိမ်းပြီး နံပါတ် ၁ ခလုတ်ကို နှိပ်ကာ အမိုးပေါ်သို့ ပြန်တက်လိုက်သည်။

ဓာတ်လှေကားဆီ ပြေးလာသော သက်တောင်စောင့် ၇ ယောက်စလုံး တရိပ်ရိပ် ပြေးဆင်းသွားသော ဓာတ်လှေကား နံပါတ်များကို ကြည့်လိုက်ကြ၏။ သက်တောင်စောင့်တစ်ဦးက ရှုချန်းနောက် လိုက်ဆင်းရန် တခြား ဓာတ်လှေကားခလုတ်တစ်ခုကို ချက်ချင်း နှိပ်လိုက်သည်။

အပေါ်သို့ တက်လာသော နောက်ထပ် ဓာတ်လှေကား တစ်ခုကို မြင်သည်နှင့် ရှုချန်းလည်း ဓာတ်လှေကားနှစ်ခု ဆုံချိန် ၎င်းအပေါ်သို့ ခုန်တက်လိုက်ပြန်၏။ ၅၈ လွှာသို့ ရောက်ချိန် အသင့်စောင့်နေကြသော သက်တောင်စောင့် ၇ ဦး စလုံး ဓာတ်လှေကားထဲ ပြေးဝင်ပြီး နံပါတ် ၁ ခလုတ်ကို နှိပ်လိုက်ကြသည်။

ဓာတ်လှေကား အောက်စဆင်းသည်နှင့် ရှုချန်းက ဓာတ်လှေကားအဖုံးကို ကန်ချလိုက်၏။ ရုတ်တရက် ပြုတ်ကျလာသော ချွန်မြမြ ဓာတ်လှေကား အဖုံးကြောင့် သက်တောင်စောင့် ၂ ဦးမှာ ချက်ချင်း နတ်ပြည် ရောက်သွားကြ၏။

ထို့နောက် ရှုချန်းက စက္ကန့်မဆိုင်းဘဲ အောက်သို့ ခုန်ဆင်းကာ ပစ္စတိုသေနတ်နှင့် နေရာငါးနေရာသို့ ပစ်ချလိုက်၏။ သက်တော်စောင့် ၇ ဦးစလုံး ဓာတ်လှေကားထဲ၌ အသက်ပျောက်သွားကြပြီ ဖြစ်၏။

ရှုချန်းလည်း ကိုယ်ကိုကိုင်းပြီး ပစ္စတိုသေနတ်နှစ်လက်ကို ကောက်ယူလိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now