အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)

106 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၈၂
( ငါ မင်းနဲ့ ကစားမယ်…)

ယန်ကျင်းအား မည်သို့ ရှင်းပြရမှန်း ရှုချန်း မသိချေ။

“ သက်ရှိမှန်သမျှကို ငါ ထွင်းဖောက်မြင်ရတယ်… နင့်ရဲ့ နှင်းဆီနီရောင် ဘရာစီယာကိုတောင် ငါ မြင်ဖူးတယ်… “ ဟု ပြောရမည်လော။

ဆန့်ကျင်ဘက် အဆောက်အအုံမှ မှန်ပြောင်းဖြင့် ကြည့်နေသူသည် လင်းပိုင် ဖမ်းခံလိုက်ရသည်ကို မြင်လိုက်ရ၏။

ထို့ကြောင့် ခေါင်းဆောင်အား “ လင်းပိုင်ကို သူတို့ ရိပ်မိသွားပြီး ဖမ်းလိုက်ပြီ “ ဟု ချက်ချင်း သတင်းပေးလိုက်သည်။

ခေါင်းဆောင်ဖြစ်သည့် မျက်နှာ အမာရွတ်ရှိသူ အတန်ငယ် နှုတ်ဆိတ်သွား၏။ ထို့နောက် သေနတ်တလက် ကောက်ကိုင်ကာ “ အားလုံးပဲ ရှုချန်း အခန်း အပြင်ဘက်မှာ ဆုံကြမယ်… “

“ ခေါင်းဆောင်… ဘာလုပ်မလို့လဲ… “

“ ငါတို့ မစ်ရှင် မအောင်မြင်တော့ဘူး… အခုအဖမ်းခံလိုက်ရတဲ့ သူတွေက ရာဇဝတ်မှု အကြီးတွေပါ စွဲချက်တင်ခံထားရတော့ ဖမ်းမိရင် သေတဲ့အထိ ထောင်ထဲက ပြန်ထွက်ရတော့မှာ မဟုတ်ဘူး… ဒါကြောင့် သွားကယ်ရမယ်… “

ခေါင်းဆောင်သည် ပြောပြောဆိုဆိုဖြင့် လင်းပိုင်၏ နားကြပ်ဆီသို့ ...
“ ခေါင်းဆောင် ယန်… ကျုပ်တို့ ညှိရအောင်… “

လင်းပိုင်၏ သူနာပြု ဝတ်စုံအတွင်းရှိ နားကြပ်မှ အသံတိုးတိုးလေး ထွက်ပေါ်လာ၏။ ယန်ကျင်း ရှာယူလိုက်ကာ...
“ ရှင် ဘယ်သူလဲ… “

“ ကျုပ် ဘယ်သူဆိုတာ အရေးမကြီးဘူး… ကျုပ် လူ သုံးယောက်ကို ခင်ဗျား ဖမ်းထားတယ်… သူတို့ကို လွှတ်ပေးရင် ကျုပ်တို့ မစ်ရှင်ကို ဖျက်သိမ်းပေးမယ်… “

ယန်ကျင်း ရယ်မောလိုက်ကာ ...
“ ဖမ်းမိထားတဲ့ တရားခံကို ပြန်လွှတ်ပေးတဲ့ ရဲ မြင်ဖူးလို့လား… သူတို့ အဖမ်းမခံရစေချင်ရင် ရှင် အစကတည်းက မစ်ရှင်ကို သေချာ ကြီးကြပ်ပေးလေ… “

“ ဆေးရုံမှာ လုပ်ရတဲ့ မစ်ရှင်မို့ အရမ်းကြီး အပြင်းအထန် မလုပ်တာ… ဒါပေမဲ့ ကျုပ်တို့ရဲ့ လုပ်နိုင်စွမ်းက ဒီထက် ပိုတယ် ဆိုတာ မမေ့နဲ့… ခင်ဗျားကို အခွင့်အရေးပေးနေတာ… ကျုပ်တို့ လူတွေကို လွှတ်ပေးလိုက်.. မဟုတ်ရင် ဆေးရုံအထိ လာပြီး ခင်ဗျားတို့ကိုပါ ကျုပ်တို့နဲ့အတူ ငရဲကို ခေါ်သွားမယ်… “

နတ်နဂါးစစ်သည်Where stories live. Discover now