55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )

111 12 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၅၅
( သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )

ရှုချန်းက " မသိဘူး... "

ယူဆသတ်မှတ်ချက်များအရ မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်သည် အဆင့် B ရှိနိုင်သော်လည်း အခြား အဆင့် B ရှိသူများထက် ပိုမို မြင့်မားနိုင်ကြောင်းကို မည်သူ သိနိုင်မည်နည်း။ ထို့ကြောင့် ၎င်းအား အနိုင်တိုက်ရန် ရှုချန်း ယုံကြည်ချက် မရှိပေ။

ညွန်ကြားရေးမှူး ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ " အခု ရဲတပ်ဖွဲ့က မင်းကို ရွေးချယ်စရာ နှစ်ခု ပေးလိမ့်မယ်... မင်း ဒီပွဲကို ငြင်းနိုင်တယ်... မြောက်ပိုင်းတံခါးဝ အပါအဝင် တခြား တံခါးဝဂိုဏ်း တွေ ရန်ကလည်း မင်းကို လွတ်ကင်းခွင့် ပေးမယ်... "

ရှုချန်းက စကားဖြတ်ကာ " ဒါပေမဲ့... မြောက်ပိုင်းတံခါးဝက ပြိုပျက်သွားမှာ မဟုတ်ဘူးလေ... "

ညွန်ကြားရေးမှူး ခေါင်းညိတ်လိုက်ကာ " ဟုတ်တယ်... မြောက်ပိုင်းတံခါးဝကို ဖြိုခွင်းလို့ ရမယ့် အခွင့်အရေးကောင်း တခုကို လက်လွှတ်လိုက်ရမှာ... ဒါပေမဲ့... မင်းကိုလည်း အတင်းအကြပ်ကြီး မတိုက်တွန်းချင်ပါဘူး.... "

ရှုချန်း ခေါင်းခါလိုက်ကာ " ကျုပ် မငြင်းပါဘူး... အားလုံးက ဖြစ်ပြီးသွားပြီ... ကျုပ်စတဲ့ ဇာတ်လမ်း ကျုပ်ပဲ အဆုံးသတ်ပေးရမှာပေါ့... "

" ဒါပေမဲ့ မင်း ယုံကြည်မှု ရှိလို့လား... "

ရှုချန်းသည် ညွန်ကြားရေးမှူး၏ မျက်လုံးများကို စေ့စေ့ကြည့်ကာ ... " ကျုပ် ဒုက္ခအိုး မဖြစ်ပဲ နတ်ဘုရားလက်နက်ပဲ ဖြစ်ချင်တယ်... "

ညွန်ကြားရေးမှူးက ပြုံးလိုက်ပြီး စာအိတ် တအိတ် ထုတ်ပေးလိုက်သည်။

" ဒါက မြောကိပုင်းတံခါးဝ ခေါင်းဆောင်က ငါတို့ ဌာနချုပ်ဆီ ပို့လိုက်တဲ့ ဖိတ်စာပဲ... မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်က သူ ရှုံးရင် မြောက်ပိုင်းတံခါးဝဂိုဏ်း ကို ကိုယ်တိုင် ဖျက်သိမ်းပေးပြီး သူ ပိုင်ဆိုင်သမျှကိုလည်း တရားဝင် ချပြမယ်လို့ ပြောတယ်... ဒါ ငါတို့ အတွက် အခွင့်ကောင်းပဲ... မင်း စိတ်ပိုင်းဖြတ်ပြီးပြီလား... "

နတ်နဂါးစစ်သည်Where stories live. Discover now