၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )

57 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၆၁

( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )

သံအမတ်ကြီးက ကျိုးကျီ ကို မျက်လုံးများ ကျွတ်ကျလုမတတ် ပြူး၍ မယုံကြည်နိုင်စွာ ကြည့်နေ၏။ အကယ်၍ ရဲများသာ ဤစုံစမ်းစစ်ဆေးမှုတွင် တစ်စုံတစ်ခုကို အမှန်တကယ် တွေ့ရှိသွားပါက ဟွာရှတွင် ဝေ့နိုင်ငံ၏ ဂုဏ်သတင်းရော သူ၏ အသက်မွေးလမ်းကြောင်း အလုပ်ပါ ဆုံးခန်းတိုင်ရပေတော့မည်။

ကျိုးကျီ မှာလည်း လွန်စွာ စိတ်နှလုံးတုန်လှုပ်နေ၏။ သူ၏ မျက်နှာမှာ သိပ်မဟန်တော့ချေ။ ရှုချန်းက ဤလျှို့ဝှက်တံခါးကို တွေ့လိုက်သည့်အပေါ် သူ လွန်စွာ အံ့အားသင့်နေမိ၏။

သူ့အား အစိမ်းလိုက် ဝါးစားမတတ် ကြည့်နေသော သံအမတ်ကြီးကို ကျိုးကျီ က အလွန် တိုးညှင်းသည့် လေသံဖြင့် ပြောလိုက်သည်။

"ဒါက လက်ဗွေနဲ့ မျက်စိသူငယ်အိမ် နှစ်ခုပေါင်းပြီး စကင်န်ဖတ်တဲ့ အီလက်ထရောနစ် လုံခြုံရေးတံခါးလေ... ခန်းရီ တစ်ယောက်ပဲ ဖွင့်နိုင်တယ်... သူက အခု ဒီမှာမရှိတော့ စိတ်မပူပါနဲ့... "

သံအမတ်ကြီးက သူ့ကိုကြည့်လိုက်၏။

"အဲဒီထဲမှာ ငွေမည်းတွေ တကယ်ရှိတာလား..."

"... "

ကျိုးကျီ ဘာပြန်ဖြေရမှန်းမသိဘဲ ခေါင်းတညိတ်ညိတ်သာ ပြုလိုက်၏။

သံအမတ်ကြီး၏ မျက်နှာလည်း ချက်ချင်း ပျက်ယွင်းသွား၏။

ကျိုးကျီ က ...

"သံအမတ်ကြီး... ဒီနေ့ကို ဖြတ်ကျော်နိုင်ခဲ့တဲ့အခါ ခင်ဗျားရဲ့ ကျေးဇူးတရားတွေ ကျွန်တော့်အပေါ် တော်တော် သိသိသာသာကြီးကို များလာမှာပါ... "

သံအမတ်ကြီးက ...

"ဒီထဲမှာ ဝင်ဖို့ လုံခြုံတဲ့ လျှို့ဝှက်လမ်းကြောင်း မရှိဘူးလား... "

ကျိုးကျီ က ...

"ရှိပါတယ်... ဒါပေမဲ့ စကားဝှက်တွေ အကုန်လုံးကို ခန်းရီ ပဲ သိတာလေ... ဒါပေမဲ့ သူက အခု အဖမ်းခံထားနေရတယ်... "

သံအမတ်ကြီးက ...

"ငါ သူတို့ကို အချိန်ဆွဲထားမယ်... တစ်ယောက်ယောက်ကို ဒီနေရာကနေ ငွေတွေ မြန်မြန်လွှဲဖို့ မင်းစီစဉ်လိုက်... မြန်မြန်လုပ်... သူတို့မှာ ရှာဖွေရေးဝရမ်းပါတဲ့အတွက် မင်းတို့ကို ဖွင့်ဖို့ အမိန့်ပေးခွင့်ရှိတယ်... အဲဒီအခါကျရင် ငါတို့ အားလုံး အဆုံးသတ်သွားမှာ အသေအချာပဲ... "

နတ်နဂါးစစ်သည်Where stories live. Discover now