အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )

53 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၃၄

(ဆုပေးပွဲ )

နှစ်ရက်ကြာပြီးနောက် ရန်ကျင်းစစ်နယ်မြေ လေ့ကျင့်ရေးကွင်းသို့ ဘတ်စ်ကားများ တစ်စီးပြီး တစ်စီး ရောက်ရှိလာကြသည်။ ထိုဘတ်စ်ကားများက ပြိုင်ပွဲကျင်းပရာ တိုက်ပွဲကွင်းပြင်မှ ပြိုင်ပွဲဝင်များကို သယ်ဆောင်လာသော ဘတ်စ်ကားများ ဖြစ်ကြသည်။

စစ်သားတစ်ဦးချင်းစီတိုင်းက သက်ဆိုင်ရာ စစ်နယ်မြေ၏ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ယနေ့က ပြိုင်ပွဲဆုချီးမြှင့်မည့် နေ့ရက်လည်း ဖြစ်ပေသည်။

ပြိုင်ပွဲဝင် စစ်သားတိုင်းက ဝတ်စုံကို သပ်ရပ်ကျနစွာ ဝတ်ဆင်ထားသည်။ စစ်သားတစ်ဦးချင်းစီ၏ တောင့်တင်းခိုင်မာသော အချိုးအစားများနှင့် ညီညာစွာ စီတန်းနေသော မြင်ကွင်းက ကြက်သီးထစဖွယ် ခံစားချက်ကိုပင် ပေးစွမ်းနေ၏။ ထိုနေရာတွင် အားနည်းသော လူဖလံလေးများကို တွေ့မြင်နိုင်မည် မဟုတ်ချေ။ အားလုံးက အစစ်အမှန်တိုက်ပွဲများ၊ ငရဲခန်းများကို ဖြတ်ကျော်လာပြီးသော ကြမ်းတမ်းသည့် ယောက်ျားသားများသာ။

ရှုချန်းက ရဲ့ချူနှင့် ကျန်သူများ စသည့် ရင်းနှီးသောမျက်နှာများကို မြင်လိုက်ရသည်။ ထိုသူများက ဒဏ်ရာရနေဆဲ ဖြစ်သည့်တိုင် စစ်ဝတ်စုံကို အကျအနဝတ်၍ ရောက်ရှိလာ၏။

ပြောရမည်ဆိုလျှင် ဒဏ်ရာပြင်းထန်၍ အိပ်ရာပေါ် လှဲနေသူမှအပ မတ်တပ်ထ လမ်းလျှောက်နိုင်သူ ဟူသမျှ ရောက်ရှိလာသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

အမာရွတ်မျက်နှာလီက ရှုချန်းကိုမြင်သည့်အခါ အနည်းငယ် ကြောင်အအ ခံစားလိုက်မိသည်။ သို့သော် ရှုချန်း၏ ခွန်အားကို လေးစားအသိမှတ်ပြု ခြင်းကြောင့် သူ့နံဘေး လျှောက်လှမ်းလာရင်း ပြောလိုက်သည်။

"အတိတ်တုန်းကအတွက် စိတ်မကောင်းပါဘူး.."

"ရပါတယ်.. ငါမင်းကို ပြန်ရိုက်နှက်ပြီးပြီပဲ.. မင်း မပျော်ဘူးဆိုရင်လည်း အနာဂတ်မှာ ငါတစ်ခေါက် ထပ်ရိုက်ပေးနိုင်သေးတယ်.." ရှုချန်းက ထိုသို့ပြောလိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now