အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)

105 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၈၁
( ငါတို့ မစ်ရှင်ကို နင် ဘယ်လို သိတာလဲ…)

လင်းပိုင်ဟု အမည်ရသော အမျိုးသမီး လူသတ်သမားသည် မု့န်များကို ပို့ပြီးသည်နှင့် ပြန်ထွက်မသွားပဲ သန့်စင်ခန်းသို့ ဝင်ကာ သူနာပြု ဝတ်စုံ လဲလှယ်လိုက်၏။ ထိုအချိန်တွင် သူနာပြု နှစ်ဦးမှာ ဗိုက်နာလာ၍ သန့်စင်ခန်းဆီသို့ သူ့ထက်ငါ အလုအယက် ပြေးဝင်သွားကြသည်။ ထို့ကြောင့် မည်သည့် သူနာပြုမှ မရှိချိန်တွင် လင်းပိုင်လည်း ဆေးထိုးအပ်များ၊ ဆေးဝါးများ တင်ဆောင်ထားသည့် တွန်းလှည်းကို တွန်းကာ ရှုချန်း၏ အခန်းဆီသို့ သွားလိုက်၏။

သူမသည် နားကြပ်မှ တဆင့် “ ပစ်မှတ်ကို ချဉ်းကပ်နေပြီ… ခဏနေရင် သတ်လိုက်တော့မယ်… “

“ သိပ်ကောင်းတယ်… နင့်ကို ကူညီဖို့ ညီနောင် သံမဏိကို ခေါ်ထားတယ်… သတ်ပြီးတာနဲ့ နင် အမြန်ဆုံး ထွက်သွားလို့ရအောင် သူ ကူညီပေးလိမ့်မယ်… ဘာသက်သေမှ မကျန်စေနဲ့ဦး… “

“ ဟုတ်ကဲ့… “

လင်းပိုင်သည် ရဲများ စစ်ဆေးသည့်အခါ သဲလွန်စအဖြစ် လက်ဗွေများ မကျန်စေရန် လက်အိတ် ဝတ်ဆင်လိုက်၏။

သူမ အခန်းထဲသို့ ဝင်လာသည်နှင့် ရှုချန်းသည် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။

ထိုမြင်ကွင်းကြောင့် ရှန်ယောင်က “ မျက်လုံးလည်း ကျွတ်ကျသွားဦးမယ်… “

အမှန်တော့ ရှန်ယောင် သဝန်တိုနေလေပြီ။ သူနာပြုသည် သူမထက် ပိုမို လှပကာ ရှုချင်စဖွယ် ဖြစ်နေသည်လော။

ရှန်ယောင်သည် ရှုချန်းအား လှောင်ပြောင် ထေ့ငေါ့သော လေသံဖြင့် “ နင်က ယူနီဖောင်းနဲ့ ကောင်မလေးတွေဆို ကြိုက်ပုံပဲ… “

သို့သော် လင်းပိုင်မှာ ဘာမှ မပြောပဲ ဆေးထိုးရန် လိုအပ်သည်တို့ကိုသာ ပြင်ဆင်နေ၏။

သူမအား ရှုချန်း စိုက်ကြည့်နေခြင်းမှာ ရှန်ယောင် ပြောသည့်အတိုင်း ဖြစ်နိုင်ပေသည်။ သူမ၏ စိတ်ထဲတွင် ရှုချန်းအား နှာဘူး တယောက်ဟု ထင်မိ၏။ သို့သော် ထိုကိစ္စကို သူမ သိပ်ပြီး အရေးမထားချေ။

နတ်နဂါးစစ်သည်Where stories live. Discover now