အခန်း 13+14(အားလုံးကို ထိန်းသိမ်း)

144 17 2
                                    

နတ်နဂါးစစ်သည်
အပိုင်း ၁၃
( အားလုံးကို ထိန်းသိမ်း )

ရွှေအိုရောင်ဆံပင်နှင့် အထက်တန်းကျောင်းသားလူရွယ်က အကိုဖြစ်သူ ဖမ်းဆုပ်ထားသည့် လက်ကို ရုန်းပြီး ရန်ပွဲဘက်သို့ ပြန်လှည့်ကာ ရှူချန်းအား ကြည့်လိုက်၏။

"အကိုတို့ အရင်ပြန်နှင့်ကြ။ ဒီငနဲ ဘယ်လို အဆော်ခံရမလဲ ဆိုတာ ကျွန်တော် ကြည့်လိုက်ဦးမယ်"

သခင်လေးလင်းနှင့် သူ့သူငယ်ချင်းများလည်း ရှေ့ဆက်မသွားလိုကြတော့။ သူတို့အားလုံး ရှူချန်းနှင့် တဖက်လူများ မည်သို့မည်ပုံ စခန်းဆက်သွားမည်ကို သိလိုနေကြလေသည်။

ရှူချန်းမှာ သူ့အင်္ကျီပေါ် တံတွေးထွေးခဲ့သည့် လူရွယ်၏ အင်္ကျီကော်လံကို ဖမ်းဆုပ်ထားဆဲ ဖြစ်သည်။ ထိုလူရွယ်၏ သူငယ်ချင်းများက သူ့အား ကြည့်ရင်း အော်ပြောနေကြ၏။

"ငါတို့လူကို လွှတ်လိုက်စမ်း"

ရှူချန်းက အလွတ်မပေး၊ ပို၍ပင် ခပ်တင်းတင်း ဖမ်းဆုပ်လိုက်၏။

"မင်းကို လွှတ်လို့ပြောနေတယ်လေကွာ။ မင်း သောက်နားကန်းနေလား"
ကျန်လူအားလုံး ပေါက်ကွဲလာကြ၏။ ထို့ကြောင့် အနားကပ်လာပြီး ရှူချန်းအား ဆက်တိုက် အော်ဟစ်ဆဲဆိုနေတော့သည်။

"ငါတို့ကို ကစားချင်တယ် ဟုတ်လား။ မင်းသောက်ဆင့် မမှီသေးဘူးကွ သိလား။ မင်းသောက်ရုံးကို ပြန်ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကြက်ခိုးမှုတွေပဲ သွားဖြေရှင်းလိုက်ဦး"

"ရှူချန်း ... သူ့ကို လွှတ်ပေးလိုက်ပါကွာ။ သွားရအောင်"
ကျန်းရိုအန် လည်း ဝင်ပြောလိုက်၏။

အဖမ်းခံရထားသည့် သူဌေးသားလူရွယ်၏ မျက်နှာတွင် အပြုံးရိပ်ပေါ်သွား၏။

"ငါ့ခန္ဓာကိုယ်ကို မင်းလက်နဲ့ ထိသွားပြိးမှ ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်သလားကွ ဟျောင့်"

ကျန်းရိုအန် က ဝင်တောင်းပန်လိုက်၏။
"သခင်လေးယွမ် ... ဒါ သူ့ ပထမဆုံး အလုပ်စဝင်တဲ့နေ့မို့ပါ။ ဒီက စည်းကမ်းတွေကိုလည်း မသိသေးလို့ပါ ခင်ဗျာ"

ရှူချန်းက နှာခေါင်းရှုံ့လိုက်၏။
"ဘာစည်းကမ်းတွေမှန်း ငါ သိဖို့ မလိုဘူး။ မင်းတို့ကောင်တွေ ရန်ဖြစ်ချင်သပဆိုရင် မေ့ပြီး အိမ်ပြန်လိုက်ကြ။ လူစုလူဝေးနဲ့ အများသူငါ ထိတ်လန့်အောင် ဥပဒေကို ဆန့်ကျင်ပြီး ရုန်းရင်းဆန်ခတ် လုပ်မယ်ဆိုရင် ငါကိုယ်တိုင် မင်းတို့ကို ဖြေရှင်းမယ်"

နတ်နဂါးစစ်သည်Where stories live. Discover now