၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)

62 4 1
                                    

နတ်နဂါးစစ်သည်

အခန်း ၁၆၂

( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)

ရှုချန်း အော်သံကြောင့် ငွေများကို သယ်ယူရန် ပြုလုပ်နေသူများ ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်ရာ လက်နက် အပြည့်အစုံနှင့် ရဲတပ်ဖွဲ့ဝင်များက သူတို့အား သေနတ်များဖြင့် ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် အားလုံး ကြောက်လန့်သွားကာ သယ်ပို့ရန် လုပ်နေသော ငွေများကို ပစ်ချလိုက်သည်။

လီချောင်နှင့် ဝူကန်းတို့က အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထဲသို့ အော်ဟစ် ဝင်ရောက်သွား၏။ သံအမတ်ကြီးမှာ ကျောရိုးထဲကပင် စိမ့်ခနဲ ကြောက်လန့်သွားသည့်အတွက် ဟန်ချက်ပျက် လဲလုမတတ် ဖြစ်သွား၏။ ထောင့်နားတွင် ရှိနေသော ကျိုးကျီ မှာ မူးမေ့လဲလုမတတ် ဖြစ်သွား၏။

"ဥက္ကဌ..."

စီးပွားရေး မဟာမိတ်အဖွဲ့ဝင်များအားလုံးက သူ့ကို တွဲကူရန် ပြေးလာကြ၏။

ရှုချန်းက သူ့နံဘေးရှိ ရဲတပ်ဖွဲ့ဝင်များကို ကြည့်ကာ ...

"သံအမတ်ကြီး အပါအဝင် ဒီနေရာမှာ ရှိတဲ့သူအားလုံးကို မြန်မြန် ဖမ်းလိုက်ကြစမ်း..."

အထူးရဲတပ်ဖွဲ့ဝင်များလည်း နှစ်ဖွဲ့ခွဲလိုက်ကြ၏။ တစ်ဖွဲ့က လျှို့ဝှက်ခန်းအတွင်းမှ ငွေမည်းများကို စတင် သယ်ထုတ်လိုက်ကြ၏။ တစ်ဖွဲ့က တရားခံများကို ဖမ်းဆီးလိုက်ကြသည်။ အဆောက်အဦး အောက်ထပ်တွင် ရှိနေသော တပ်ဖွဲ့ဝင်များကလည်း ဝင်ပေါက် ထွက်ပေါက်များ အားလုံးကို ပိတ်ဆို့ထား၏။

တစ်နာရီခန့်အကြာတွင် ဖမ်းဆီးထားသော လူ ၄၀ ခန့်အား အ‌ဆောက်အဦးအောက်တွင် ရပ်ထားသော ရဲကားများပေါ်သို့ တင်ဆောင်သွားကြသည်။ ထို့နောက် ငွေသား သယ်ယူပို့ဆောင်ရေးယာဉ် အနည်းငယ် ဆိုက်ရောက်လာကာ ငွေမည်းများကို တင်ဆောင်လိုက်ကြ၏။

ထိုနေ့နံနက် ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းခေါင်းစဉ်များမှာ " ရှန်ချန်းတွင် နှစ်ဒါဇင်ကြာ ပုန်းအောင်းနေသော မှောင်ခိုဘဏ်အား နောက်ဆုံးတွင် ဖမ်းဆီးရမိခဲ့၊ စုစုပေါင်း ယွမ် ၁၅ ဘီလီယံ သိမ်းဆည်းရမိခဲ့ " ဟူ၍ ဖြစ်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now