အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )

121 11 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၅၃
( သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )

အစ်ကိုဝမ်အား ရိုက်နှက်ခဲ့သူ လူငယ်ကို ဆေးရုံကြမ်းပြင်ပေါ်သို့ ရှုချန်း ဆောင့်တွန်းချလိုက်သည်။ အစ်ကိုဝမ် အံ့ဩသွား၏။

ထိုလူငယ်သည် အစ်ကိုဝမ်၏ လူနာကုတင်ဘေးတွင် ဒူးထောက်ကာ " အစ်ကိုကြီးဝမ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါဗျာ... ကျုပ် မှားသွားပါတယ်... မလုပ်သင့်တာကို လုပ်မိခဲ့တယ်... ခွင့်လွှတ်ပေးပါ... "

အစ်ကိုဝမ် နားမလည်နိုင်သေးပေ။ ဤလူငယ်အား ရှုချန်း ဘာလုပ်လိုက်သနည်း။

သို့သော် လူငယ်၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးစတို့ကို မြင်လိုက်၍ ရှုချန်း ရိုက်နှက်ထားမှန်း သိလိုက်၏။

ထိုကဲ့သို့ ကြမ်းပြင်ထက်တွင် ပြားပြားဝပ်ကာ တောင်းပန်နေရှာသော လူမိုက်ငယ် တဦး၏ အသွင်အပြင်မှာ အစ်ကိုဝမ်အား အနေရခက်စေ၏။

ဖျောင်း...

ရှုချန်းသည် လူငယ်ကို ရုတ်တရက် ပါးဖြတ်ရိုက်လိုက်၏။

" ညီနောင် ချန်း... ဒီလို လုပ်ဖို့ မလိုပါဘူး... "

" မဟုတ်ဘူး... ဒီကောင်က အစ်ကိုဝမ်ကို ရိုက်ခဲ့တဲ့ အတွက် ပြန်တောင်းပန်ဖို့ လိုတယ်... ပြီးတော့ ဒီကိစ္စက ကျုပ် ပယောဂလည်း မကင်းဘူးဗျာ့... ကျုပ်ဆိုင်ကယ်ကို အစ်ကိုဝမ် ယူစီးရင်း ဖြစ်သွားတာလေ... ဒါကြောင့် ဒီကောင် ဘယ်နေရာမှာပဲ ရှိရှိ ဖမ်းခေါ်လာပြီး အစ်ကိုဝမ်ကို ပြန်တောင်းပန်ခိုင်းရမယ်...ပြီးတော့ ခင်ဗျားက ဒီမြို့က မဟုတ်ဘူး... တကိုယ်တည်းသမား.. အပေါင်းအသင်းလည်း မရှိ... ကျုပ်တို့လို လုပ်ဖော်ကိုင်ဘက်တွေကလည်း အလုပ်လုပ်ရမှာဆိုတော့ ဆေးရုံတက်နေရတဲ့ ရက်တွေမှာ ပြုစုဖို့ ဒီကောင့်ကို ခေါ်လာတာ... "

ရှုချန်းသည် အစ်ကိုဝမ် ပုခုံးအား အသာအယာ ပုတ်ကာ ပြော၏။

" ဟုတ်ကဲ့... အစ်ကိုကြီးဝမ်ကို ကျုပ် သေချာ စောင့်ရှောက်လိုက်ပါ့မယ်... စိတ်ချပါ အစ်ကိုကြီးချန်း... "

" အေး... ငါ့ သူငယ်ချင်းကို အမြန်ဆုံး ပြန်သက်သာအောင် ပြုစုလိုက်... ဆေးရုံခ ငါရှင်းလိုက်မယ်... "

နတ်နဂါးစစ်သည်Where stories live. Discover now