အခန်း 21+22(ချောင်ပိတ်မိခြင်း)

139 16 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၂၁
( ချောင်ပိတ်မိခြင်း )

ရှုချန်းက ကောင်လေး၏လက်ထဲမှာ စီးကရက်ဗူးအား ဖမ်းသိမ်းကာ ဆူလေတော့သည်။
"အထက်တန်းကျောင်းသားတစ်ယောက်က ဆေးလိပ်သောက်ပြီး ဘာလုပ်မလို့လဲ။ မင်းလို ချာတိတ်က ဒီအသက်ဒီအရွယ်နဲ့ ဒီလို ဈေးကြီးပြီး အရည်အသွေးကောင်းပြီး စီးကရက်ကို သောက်နေတာ ပစ္စည်းကောင်းတွေကို အလကား သက်သက် ဖြုန်းတီးနေတာပဲ"

"ကျုပ်ဆရာတောင် ကျုပ်ကို ဘာလုပ်ရမယ် မပြောဘူး။ ခင်ဗျားက ကျုပ်ကို ပြောတယ် ဟုတ်လား"

လူငယ်လေး၏ မျက်ခုံးအစုံ မြင့်တက်သွားလေသည်။ သူက ထပ်မံ၍ "နဂိုရ်ကတည်းကမှ ဘဝက ပျင်းဖို့ကောင်းနေတာ။ ဆေးလိပ်ပါ မသောက်ရမှတော့ ဘာဆက်လုပ်ရတော့မလဲဗျ "

"မင်းအစ်ကိုက မင်းကို မဆုံးမဘူးလား"
ရှုချန်းက မေးမြန်းလိုက်သည်။

"သူ့မှာလည်း သူ့အလုပ်နဲ့သူ ရှိတယ်။ ကျုပ်ကလည်း ကျောင်းတက်စရာ ရှိတာ တက်တယ်။ ဒါပေမဲ့ ဒီလိုလုပ်နေရတာကိုက ပျင်းဖို့ကောင်းနေပြီ"
ကောင်လေးက နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။

ထိုအချိန်မှာပင် သခင်လေးလင်းနှင့် သူငယ်ချင်းအဖွဲ့မှာ ညီငယ်ဖြစ်သူအား ကျောင်းကြိုရန် ပြိုင်ကားများနှင့် ရောက်လာကြ၏။

ကောင်လေးက ရယ်မောရင်း "အစ်ကို ... အစ်ကိုတော့ လောင်းထားတာ ရှုံးတော့မယ်"

"အေးဆေးပေါ့"
သခင်လေးလင်းက ကားပေါ်မှ ခုန်ဆင်းလာပြီး ရှုချန်းနား ကပ်လာကာ ဒဏ်ရာအနာတရ တစုံတစ်ရာ ရှိမရှိ စစ်ဆေးကြည့်လေ၏။ ရှုချန်း၏ ခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာမှ မတွေ့ရမှ သူက ပြောလိုက်သည်။

"ခင်ဗျားက ပတ်တရောင် လှည့်ရဲသေးတယ် ဟုတ်လား။ သခင်လေးယမ်နှင့် သူ့လူတွေအားလုံး အချုပ် (၁၅) ရက် ကျသွားတယ်လို့ ကျုပ် ကြားတယ်။ ခင်ဗျား ယုံ၊ မယုံတော့ မသိဘူး ... ကျုပ်က ခင်ဗျား ဒီနေ့ည ပိုးစိုးပက်စက် အရိုက်ခံရမယ်လို့ လောင်းထားတာ"

ကောင်လေးက ရှုူချန်အား သတိပေးလိုက်သည်။

"ကျုပ်အကိုက ဒီလောကအကြောင်း ကောင်းကောင်း သိတယ်ဗျ။ သူက ခင်ဗျား အရိုက်ခံရမယ်လို့ ပြောရင် ခင်ဗျား ကျိန်းသေ အတိုက်ခိုက်ခံရလိမ့်မယ်။ ခင်ဗျား လောလောဆယ် ခဏရှောင်နေလိုက်တာ ပိုကောင်းမယ်နဲ့ တူတယ်"

နတ်နဂါးစစ်သည်Where stories live. Discover now