အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )

33 2 0
                                    

အခန်း ၃၀၁

( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )

ရှုချန်းသည် ပွဲရုံတစ်ခုလုံး နေရာလပ်မကျန် လက်မှတ် ရောင်းထွက်သွားလိမ့်မည်ဟု ထင်မထားခဲ့။

ထိုစဉ် ခါလန်း ရောက်ရှိလာသောကြောင့် ပွဲရှိ လူအားလုံး မတ်တပ်များ ရပ်ကာ တခဲနက် အားပေးလိုက်ကြသည်။

"ကြည့်ရတာ ဒီ ခါလန်းဆိုတဲ့ ကောင်က အင်္ဂလန်မှာ တော်တော် အောင်မြင်နေတယ်နဲ့ တူတယ်... " ရှုချန်းသည် လူထုကြီး၏ အားသွန်ခွန်စိုက် အားပေးမှုတို့ကို မြင်ကာ အနည်းငယ်တော့ အံ့အားသင့်သွားမိ၏။

လင်လဲ့က...

"ဟုတ်တယ်... သူရဲ့ တိုက်ခိုက်ရေး ဗီဒီယိုတွေ လိုင်းပေါ်မှာ ပျံ့သွားတာ သိပ်မကြာသေးဘူး... ပြီးတော့ ဗြိတိန် အထူးတပ်ဖွဲ့တွေကို G20 ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်း အဆင့် သုံး ရောက်အောင် လုပ်ပေးနိုင်ခဲ့သေးတယ်... အဲ့ဒီနောက်ပိုင်းမှာ သူ့ဂုဏ်သတင်းက တဟုန်ထိုး တက်လာတာ မဆန်းပါဘူး... "

ရှုချန်းသည် စစ်သားဖြစ်လျက်နှင့် ပြည်သူများ၏ ဖျော်ဖြေရေးပွဲတွင် ပါဝင် ပက်သက်နေရခြင်းအပေါ် ခံစားချက် မကောင်း ဖြစ်နေသည်။

"စစ်သားတွေရဲ့ တာဝန်က လူထုကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့လေ... အဲ့ဒီ ရည်ရွယ်ချက်တွေကနေ တဖြည်းဖြည်း သွေဖယ်လာပြီး အထင်အမြင်တွေ လွဲကုန်မှာကို စိုးရိမ်မိတယ်..."

ထို့နောက်တွင် ရှုချန်း ပွဲရုံထဲသို့ ဝင်လာသည်။ အုတ်အုတ်သောင်းနင်း ဖြစ်နေသော လူများမှာ အားပေးချီးမြှောက်သံများ ရပ်တန့်သွားပြီး သူ့ကို ဝိုင်း၍ လက်ညှိုးထိုး ရှုံ့ချကြလေ၏။

အချို့ဆိုလျှင် မိုက်မိုက်ရိုင်းရိုင်းများပင် ဆဲဆိုနေကြသည်။

"အိမ်ပြန်လိုက်တော့ မျက်မှေးကောင်... ခါလန်းက မင်းဘောကို ပြုတ်အောင် ကန်ပြီး ကြက်စာကျွေးပစ်လိမ့်မယ်... "

"မင်း သေတွင်း မင်းတူးတာပဲ... ဟားဟားဟား... "

"ခါလန်းနဲ့ ယှဉ်ချရအောင် မင်းကိုမင်း ဘာထင်နေလဲ... မင်း ချရမှာ ခါလန်းကွ... "

နတ်နဂါးစစ်သည်Where stories live. Discover now