အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )

56 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၃၂

(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )

ညွှန်ကြားရေးမှူး ရှီကို ကျေးဇူးတင်စကား ပြောပြီးနောက် ညွှန်ကြားရေးမှူး ရှီနောက်မှ ပါလာသော ကြီးကြပ်ရေးမှူးရန် ကို ရှုချန်းက တစ်ချက် ကြည့်လိုက်သည်။ ထိုသူက အမှန်ပင် မျက်ရည်များ ကျနေခဲ့သည်။

"ခင်ဗျားက ဘာလို့ ငိုနေရတာလဲ.."

ရှုချန်းက ပြုံးရင်း ကြိမ်းမောင်းလိုက်သည်။ ကြီးကြပ်ရေးမှူးရန်က ပြန်ဖြေ၏။

"ငါ စိတ်ထဲ တော်တော်ထိရှနေလို့ပါ.. ငါတို့စစ်ဒေသ အမှတ်(၅)က ဒီလောက် နှစ်တွေအများကြီး ကြာခဲ့ပြီ၊ တစ်ခါမှ ရလဒ်ကောင်းကောင်း မရခဲ့ဖူးဘူး.. စစ်ဒေသအမှတ်(၅) ဆိုပေမယ့်လည်း နာမည်နဲ့ လုံးဝမလိုက်ဘူး.. စစ်ဒေသထဲက လူတစ်ယောက်အနေနဲ့ ငါမင်းအတွက် ဝမ်းသာတယ်.. ငါလည်း ငါတို့စစ်ဒေသကို သောက်ရမ်း ကြွယ်ဝစေချင်တာပေါ့.. အခုတော့ အဲ့လိုပြောနိုင်ဖို့ ယုံကြည်ချက်ရှိပြီ.."

ထို့နောက်တွင် သူက ရှုချန်းကို လှိုက်လှိုက်လှဲလှဲ ဖက်ရင်း ပြောလိုက်သည်။

"မင်းမှန်တယ်.. တကယ်ပဲ ကံကောင်းလို့.. ဒီနှစ် မင်းဝင်ပြိုင်လိုက်တာ တကယ်ကံကောင်းတာပဲ.. ကျေးဇူးပါကွာ.."

"ဟုတ်ပါပြီ အစ်ကိုတော်.. ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ညကျ ကျုပ်အခန်းထဲ ခင်ဗျား ရောက်လာမှာတောင် ကြောက်မိနေပြီ.. ရွံစရာကောင်းအောင် မလုပ်စမ်းပါနဲ့.." ရှုချန်းက ပြန်ပြော၏။ ကြီးကြပ်ရေးမှူးရန်က ရှုချန်းကို ခေါင်းဖြင့်တိုက်ရင်း ပြောလိုက်သည်။

"တစ်ခါလောက် ကောင်းကောင်းမွန်မွန် ပြောပေးလို့ မရဘူးလား.. ငါ မျက်ရည်ကျတယ်ဆိုတာ ရှားတယ်ကွ... အနီးကပ်ရိုက်ချက်နဲ့သာဆိုရင် ဒီနှစ်အတွက် အကောင်းဆုံးသရုပ်ဆောင်ဆုတောင် ရနိုင်တယ် မင်းသိလား.."

ရှုချန်းက ကြီးကြပ်ရေးမှူးရန်၏ခေါင်းကို ပြန်ထိုးရင်း ပြောလိုက်သည်။

"ဟုတ်ပါပြီ.. နောက်များကျမှ အရက်ကောင်းကောင်း သောက်ကြတာပေါ့.."

နတ်နဂါးစစ်သည်Where stories live. Discover now