126+127

91 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၂၆
( တပည့်အဖြစ် လက်ခံရန် လင်းတုန် တောင်းဆိုခြင်း )

ကွန်ဒိုအတွင်း၌ လင်ချူရွယ် တစ်ယောက် သတင်းစာဖတ်နေ၏။ ၄င်းသည် ရှန်ချန်းမြို့၏ မနက်ခင်း သတင်းစာ တစ်စောင် ဖြစ်ပေသည်။ မြို့၏ အကြီးဆုံးသော ကာစီနို ပိတ်ခံလိုက်ရသော သတင်းတစ်ပုဒ်လည်း ပါလာခဲ့၏။ ထိုဖြစ်ရပ်အတွင်း အနောက်ပိုင်းတံခါးဝဂိုဏ်း၏ နောက်ကွယ်မှ အဓိကပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးနိုင်ခဲ့သည်။

၄င်းကိုဖတ်ရင်းနှင့် အနောက်ပိုင်းတံခါးဝဂိုဏ်း၏ ခေတ် ကုန်ဆုံးသွားပြီကို လင်ချူရွယ် သိလိုက်၏။

သူမ သက်ပြင်းချမိသည်။

“သူ တကယ်ကို ပြောင်းလဲသွားပြီ… တစ်လအတွင်းမှာ အနောက်ပိုင်းတံခါးဝဂိုဏ်းရော မြောက်ပိုင်းတံခါးဝဂိုဏ်းပါ သူဖျက်ဆီးနိုင်ခဲ့ပြီ… တကယ်ကို အရည်အချင်းရှိတာပဲ…”

လင်ကွေ့ရန် စာကြည့်မျက်မှန်ကို ပင့်တင်လိုက်ကာ “ဟုတ်တယ်… အခု အရမ်းကောင်းနေပြီ… ဒါပေမဲ့ သိပ်မကြာခင်မှာ ရီ မိသားစုနဲ့ သူနဲ့ ငြိတော့မယ်… ချူရွယ် ဒါက သူ့ရွေးချယ်မှုပဲ… ဒါ့ကြောင့် သမီးတော့ အဖေတို့နဲ့အတူ အင်္ဂလန်ကို ပြန်သင့်တယ်နော်…”

“ဒါဆို ဒီအိမ်ထောင်ရေးကရော ဘယ်လိုလုပ်မလဲ အဖေ…”

လင်ကွေ့ရန် သက်ပြင်းချမိ၏။

“သမီး… ရှူချန်းက ငြင်းခဲ့တာတောင်မှ ဒီအိမ်ထောင်ရေးကို လက်ခံနေတုန်းဆိုတာ အဖေ သိပါတယ်… ခု နှစ်တွေ အတွင်းမှာ သူလုပ်ပေးခဲ့တဲ့အရာတွေအတွက် သမီး ကျေးဇူးတင်နေတယ် ဆိုတာလည်း အဖေသိတယ်… သမီးက အဖေ့သမီးဆိုပေမဲ့ ကိုယ်မချစ်တဲ့သူတစ်ယောက်ကို ဘာဖြစ်လို့ ဒီလောက်တောင် တွယ်တာနေလဲဆိုတာ နားမလည်နိုင်တော့ဘူး… ဟွာရှကို ပြန်လာတာ လေးနှစ်ပဲရှိပြီ… နှစ်ယောက်သား ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်နေကြပြီလေ… အနာဂတ်မှာလည်း ဒီလိုတကွဲတပြားစီ နေမယ်ဆိုရင်တော့ အဖေတို့နဲ့အတူ အင်္ဂလန်ပြန်လိုက်တာပဲ ကောင်းပါတယ်… ဒီအန္တရာယ်တောထဲမှာ ထပ်မနေသင့်ပါဘူး…”

နတ်နဂါးစစ်သည်Where stories live. Discover now