အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )

51 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၈၉

( သူမကိုယ်သူမ အပြစ်တင်ခြင်း )

ပိုင်ရှန်းက...

" သူက ငါတို့နဲ့ ဘာလို့ မတူလဲဆိုတော့... သူက ထောင့်နှစ် မို့လို့ပဲ... "

ထောင့်ရှစ် နှင့် ထောင့် ဂျက် တို့ မျက်မှောင်ကြုံ့ပြီး ထလိုက်ကြသည်။

" ထောင့် နှစ် ဟုတ်လား .... ဒီလူ့ကို ရွေးချယ်ခဲ့တာ အဖွဲ့ခေါင်းဆောင် သိရဲ့လား... "

ပိုင်ရှန်းက...

" သိတယ်... ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်က သူ့ကို ဘာကြောင့် ဒီကတ်ပေးလဲ ဆိုတာ သူကိုယ်တိုင်လည်း မသိသေးဘူး... နဂါးတပ်ဖွဲ့ အကြောင်းတောင် အပြည့်အဝ မသိရှာဘူး... အဖွဲ့ခေါင်းဆောင်က အခုချိန်မှာ ဒီကောင်လေး အစွမ်းပိုတက်အောင် လုပ်ဖို့ အာရုံစိုက်ထားတယ်... ဒါကြောင့် ငါတို့ သူ့ကို ကာကွယ်ပေးရမယ်... "

ထောင့် ဂျက် ၏ သိချင်စိတ်တို့ တဖွားဖွားပေါ်လာသည်။

" ဒီတစ်ယောက်ရဲ့ လက်ရှိအခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ ကျုပ် မြင်ချင်တယ်... ပြောချင်တာက ဟွာရှနိုင်ငံ စထူထောင်ချိန်ကတည်းက နံပါတ် ၂ ကတ် အခုတစ်ခါပဲ ရှိဦးမယ်... "

ပိုင်ရှန်း ခေါင်းညိတ်လိုက်ပြီး...

" နောက်ဆုံး တစ်ခေါက် ကတ် ၂ က စပိတ် ၂ ပဲ... အဲဒါကလည်း အဖွဲ့ခေါင်းဆောင် ကိုယ်တိုင်လေ... တစ်နေ့နေ့ နဂါးတပ်ဖွဲ့ ဖော်ထုတ်ခံရတဲ့အခါ အားလုံးက ဂျိုကာနဲ့ မိုးဘုရင် လေးယောက်၊ မြေဘုရင် ၁၂ ယောက်ကိုပဲ အာရုံစိုက်ကြမှာ... ကတ် ၂ ကို ဘယ်သူမှ အာရုံမစိုက်ဘူး... ဒါကြောင့် နဂါးတပ်ဖွဲ့ အကြပ်အတည်းကြုံပြီး အဖမ်းခံရတဲ့အခါ သူက နောက်ဆုံး အားကိုးရာ ဖြစ်လိမ့်မယ်... "

ထိုအခါမှ နဂါးတပ်ဖွဲ့၏ လက်ရှိ ခေါင်းဆောင်မှာ အသက်ကြီးရင့်နေပြီ ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ အကယ်၍ ဆက်ခံမည့်သူသာ မရှိပါက နဂါးတပ်ဖွဲ့ ပြိုပျက်ရပေလိမ့်မည်။

" စီနီယာ... ကျုပ်တို့ ကာကွယ်ပေးမှုတောင် လိုနေတဲ့ သူဆီမှာ အဖွဲ့ခေါင်းဆောင်က ဘာတွေ မြင်နေတာလဲ... "

နတ်နဂါးစစ်သည်On viuen les histories. Descobreix ara