အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )

62 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၈၉

( အရှက်မရှိ... )

နေပူကျဲကျဲရှိ ကွင်းပြင်ဆီသို့ ရှုချန်း ရောက်သွားချိန်တွင် ရာနှင့်ချီသော စစ်သားများ စုဝေးနေပြီဖြစ်၏။ ရှုချန်းရောက်လာပြီး ထိုသူများကို မှာကြားစရာရှိသည်တို့ကို မှာကြားလိုက်သည်။

"အားလုံးပဲ True man reality show season 2အဖွဲ့သားတွေ ရောက်နေတာ သိကြမှာပေါ့... ဒါကြောင့် မလိုအပ်ပဲနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ နာမည်ကျော်တွေကို အနှောက်အယှက်မပေးမိဖို့ အားလုံးကို သတိပေးချင်တယ်..."

ရှေ့ဆုံးမှ တပ်သားသစ် အချို့က ပြုံးပြီး...

"ခေါင်းဆောင်... ကျုပ်တို့ စစ်တပ်ထဲမှာ မိန်းကလေး မရှိဘူးဆိုတာ ခင်ဗျားလည်း သိသားနဲ့ဗျာ... ရုတ်တရက်ကြီး မင်းသမီးလှလှလေး သုံးယောက် ရောက်လာတေ့ာ ကျုပ်တို့လည်း နည်းနည်းတော့ စိတ်ဝင်စားသွားတာပေါ့..."

ရှူချန်းက...

"ဒါဆို စားဖိုဆောင်က အန်တီ ချိုင် က မိန်းမ မဟုတ်ဘူးလား... သူ့ရှေ့မှာ မင်းစိတ်လှုပ်ရှား နေတာတော့ ငါမမြင်ဖူးပါဘူး..."

ရှုချန်း စကားကြောင့် စစ်သားများ ကြောင်အသွားကြ၏။

ရှုချန်းက ပြောနေရင်းဖြင့် အနီးဆုံး စစ်သားတစ်ဦးထံသွားကာ ခြေသလုံးကို ဆတ်ကနဲ ဖြတ်ကန်လိုက်၏။ အကန်ခံရသော စစ်သား ဒူးထောက်လုနီးပါး ခွေကျသွားသည်။

"မတ်မတ်နေစမ်း... စိတ်ကို တင်းထား... ရည်မှန်းချက် မြင့်မြင့်ထား... မင်းတို့ အခုလို ငပျော့တွေဖြစ်နေလို့ စစ်ဒေသ ငါးမှာ ထိပ်တန်းစစ်သည်တွေ ပေါ်မလာတာ အံ့ဩစရာတော့ မဟုတ်ပါဘူး.. .မင်းတို့‌တွေက အထူးတပ်ဖွဲ့ဝင်ကျတော့ ဖြစ်ချင်တယ်... ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ကြဦး..."

စစ်သားများအားလုံး တိတ်ဆိတ်နေကြကာ ရှေ့တည့်တည့်သို့ မျှော်ကြည့်ကာ မတ်မတ်ရပ်နေကြ၏။

ရှုချန်းမှာ အရည်အချင်း ပံ့ပိုးကူညီမှု စွမ်းဆောင်ရည် စသဖြင့် အရာတိုင်းတွင် ဤနေရာရှိ စစ်သားများ အားလုံးထက် သာလွန်နေသည့်အတွက် ကြိမ်းမောင်းမာန်မဲခွင့် ရှိပေသည်။

နတ်နဂါးစစ်သည်Where stories live. Discover now