အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )

50 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၂၃

(အရှက်မရှိ )

ရှုချန်း၏ စကားကို ကြားပြီးနောက် ရဲချူက မျက်လုံးများ မှေးကျဉ်း၍ ကြည့်လိုက်သည်။

"မင်းက (၇)ယောက်တောင် သတ်ခဲ့တယ်ပေါ့.. စိတ်ဝင်စားစရာပဲ... ဒါပေမယ့် အဲ့လောက်နဲ့ ငါတို့ကို ခြိမ်းခြောက်လို့ မရဘူး.. မင်း ငါနဲ့ တိုက်ချင်သလား သူနဲ့ တိုက်ချင်သလား.."

ရှုချန်းက ရုတ်တရက် ထိုင်ချလိုက်ရာ ဝမ်အန်နှင့် ရဲချူတို့ နှစ်ဦးလုံး ထိတ်ခနဲ ဖြစ်သွားမိသည်။ သူတို့နှစ်ဦးလုံးက ဘာလုပ်ရမှန်း မသိသည့်နောက် အလိုအလျှောက်ပင် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။

ရှုချန်းက ပြုံးရင်း ပြော၏။

"စိတ်မလှုပ်ရှားကြနဲ့ဦး.. ငါ ဖိနပ်ကြိုး ချည်ဖို့ပါ.."

ထိုသို့ပြောရင်း ရှုချန်းက အမှန်ပင် ဖိနပ်ကြိုး ငုံ့ချည်နေခဲ့သည်။ ထို့နောက်တွင်တော့ ရှုချန်းက ဒူးကွေးရင်း အားယူကာ စိတ်ထဲတွင် မျှော်လင့်ချက် တစ်ခုဖြင့် တွေးလိုက်သည်။

သူ၏ စွမ်းရည်အသစ်က ခုန်ခြင်း၊ဟန်ချက်ထိန်းခြင်း ဆိုလျှင် မူလရှိပြီးသား အဆနှစ်ဆယ် ပေါက်ကွဲအားနှင့် ပေါင်းစပ်လိုက်ပါက မည်သို့ ဖြစ်သွားမည်နည်း။ လူသား အမြှောက်ဆံ တစ်ခုပမာ ဖြစ်သွားမည်လော။

ထိုသို့ တွေးမိပြီးနောက် ရှုချန်း ပြုံးလိုက်သည်။ သူ၏ သွေးဆဲလ်များ အားလုံးကလည်း စိတ်လှုပ်ရှားမှုဖြင့် တက်ကြွနေကြ၏။

ရဲချူနှင့် ဝမ်အန်တို့ကတော့ ရှုချန်း ပြုံးနေရသည့် အကြောင်းရင်းကို မသိချေ။ သို့သော နောက်တစ်ခဏ တွင်တော့ သူတို့နှင့် အကွာဝေး တစ်ခု၌ ရှိနေခဲ့သော ရှုချန်းက ရုတ်တရက်ကြီး အမြောက်ဆန် တစ်ခုပမာ ဒူးတိုက် တိုက်ကွက်ဖြင့် တိုးဝင်လာသည်ဟု ရဲချူ ခံစားလိုက်ရသည်။

မူလရှုချန်း ရှိနေခဲ့သည့် နေရာတွင်တော့ နောက်ချန်ပုံရိပ် တစ်ခုသာ ကျန်ရစ်ခဲ့၏။ ရဲချူ၏ ဦးနှောက်က ထိုမျှ မြန်ဆန်လှသော အခိုက်အတန့်တွင် တုန့်ပြန်ချိန် မရလိုက်ပဲ ကြွက်သား လှုပ်ရှားမှုဖြင့် လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရှေ့ ကြက်ခြေခတ်ရင်း အလိုအလျှောက် ကာလိုက်မိသည်။

နတ်နဂါးစစ်သည်Where stories live. Discover now