116+117

88 9 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၁၆
(ဂျိုးဇက် ၏ အခွင့်အရေး )

ရှန်ယောင်ကို မျက်နှာရိပ် မျက်နှာကဲ ခတ်ရသည်မှာ လွယ်ကူလွန်းလှသည်။ ဖဲကောင်းသည့်အခါ သူမ၏ မျက်လုံးများက တောက်ပနေပြီး ဖဲညံ့လျှင်တော့ မျက်ခုံးများ တင်းတင်းကြုတ်ထားလေ့ ရှိသည်။

ရှုချန်းက ရှန်ယောင်၏ ထိုအားနည်းချက်ကို သတိပြုမိသော်လည်း ယခုအချိန်မှ ပြင်ခိုင်းရန် မဖြစ်နိုင်တော့ချေ။ သို့အတွက်ကြောင့် ချက်ချင်း မပြောသေးပဲ ထိုအားနည်းချက်ကို ထောင်ချောက်အဖြစ် သုံးရန်သာ စဉ်းစားလိုက်သည်။

သူတို့ ထိုင်၍ ပွဲပြန်စချိန်တွင်တော့ ဖဲဝေသူက ဖဲချပ်များ ဆက်ဝေ၏။ ရှန်ယောင်က သူမ၏ သက်တော်စောင့်ကို ဒိုးပြားများ အနောက်ဘက်ခြင်းထဲသို့ သိမ်းခိုင်းပြီးနောက် စားပွဲတွင် ပြန်ထိုင်သည်။

စင်အနောက်ဘက်တွင်တော့ ရှန်ယောင်၏ သတင်းအချက်လက်များက သခင်ကြီးချင်၏ စားပွဲပေါ် ရောက်ရှိနေပြီ ဖြစ်သည်။ သခင်ကြီးချင်က ရှန်ယောင်ကို ရင်းနှီးနေသည်ဟု ခံစားရခြင်းက မထူးဆန်းချေ။ ဆိုရသော် ရှန်ယောင်ဆိုသည်မှာ မစ္စတာရှန် မိသားစု၏ သမီးဖြစ်သည်။ ရှန်ယောင်တစ်ယောက် ငွေကြေး အများအပြား ထုတ်သုံး၍ ကစားနေနိုင်ခြင်းကလည်း မထူးဆန်းတော့ပေ။

ရှန်ယောင်၏ ဖခင်ဖြစ်သူမှာ ငွေကြေးသန်းပေါင်းများစွာ ဥစ္စာဓန ပိုင်ဆိုင်သည်။ ထို့အပြင် မစ္စတာရှန်းသည် သားဖြစ်သူ သေဆုံးပြီးနောက် ကျန်ရစ်သော သမီးဖြစ်သူ ရှန်ယောင်ကို သဲသဲလှုပ် ချစ်မြတ်နိုး၏။ ရှန်ယောင်က မိသားစုနှင့် ပဍိပက္ခ ဖြစ်ထားသော်လည်း ဖခင်ဖြစ်သူက သူလုပ်မိသော အရာအပေါ် အပြစ်တစ်ခု ခံစားရပြီး ရှန်ယောင်ကို လွန်စွာ ပ,စား ပေးထားသည်။

“သခင်မလေးရှန်က မဟုတ်မခံ ဆတ်ဆတ်ကြဲ ဆိုပေမယ့် ဒီကိုလာတာတော့ ပြဿနာ လာရှာတာ မဟုတ်လောက်ဘူး ထင်တယ်..” ရှန်ယောင်တစ်ယောက် ဆက်တိုက် ငွေများ ရှုံးနေသည်ကို ကြည့်ကာ သခင်ကြီးချင် လက်အောက်ငယ်သား ဖြစ်သူကို အမိန့်ပေးလိုက်သည်။

“သူ့ကို သတိထားစရာ မလိုတော့ဘူး.. တခြားသူတွေကို ပိုပြီး စောင့်ကြည့်.. အထူးသဖြင့် ဗီးဂတ်စ်ကလာတဲ့ နိုင်ငံခြားသား လောင်းကစား သမားတွေကို စောင့်ကြည့်..”

နတ်နဂါးစစ်သည်Where stories live. Discover now