104+105

96 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၀၄
( နောက်ကွယ်မှ ကြိုးကိုင်သူများ )

နောက်တစ်နေ့...

လီချောင်က သူ၏ လူလေးဦးနှင့် အခွန်အဖွဲ့မှ ဝန်ထမ်းများကို အနောက်တံခါးဝဂိုဏ်းပိုင် အကြီးဆုံး ကာစီနိုဆီသို့ လွှတ်လိုက်၏။

“တဆိတ်လောက်... ကျုပ်တို့က မှုခင်းရဲဌာန အဖွဲ့ ( ၂ ) ကပါ... ပြီးခဲ့တဲ့နှစ်က ခင်ဗျားတို့ရဲ့ စာရင်းတွေကို စစ်ဆေးဖို့ တစ်ချက်လောက် ပူးပေါင်းပေးပါ...”

ကာစီနိုမန်နေဂျာက လီချောင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ကာ အကောက်အခွန်အရာရှိကို တွေ့လိုက်ရသည့်အတွက် ...
“စာရင်းစစ်မှာဆိုရင် အကောက်အခွန်အဖွဲ့ပဲ လာရမှာ မဟုတ်ဘူးလား... မှုခင်းအဖွဲ့က ဘာလာလုပ်တာလဲ...” ဟု မေးလိုက်သည်။

လီချောင်က ...
“ခင်ဗျားတို့က မှောင်ခိုဘဏ်နဲ့ ငွေကြေး ခဝါချမှုတွေမှာ ပတ်သက်နေတယ်လို့ သတင်းပေးလာတဲ့သူရှိတယ်... ဒါ့ကြောင့် စစ်ဆေးရမယ်... ပူးပေါင်းဆောင်ရွက်ပေးပါ...”

မန်နေဂျာက ဒေါသသံဖြင့် မာမာထန်ထန် ပြန်ပြောလာသည်။
“ခင်ဗျား စစ်ချင်ရင်စစ်လေ... ဒါပေမဲ့ ဒီတိုင်းတော့မရဘူး... ခင်ဗျားတို့ ရဲဌာနရဲ့ ရှာဖွေဝရမ်း ပြစမ်း... ကျုပ်တို့ ကာစီနိုက စည်းမျဉ်းစည်းကမ်းတွေ တရားဥပဒေနဲ့အညီ ဖွင့်ထားတာ... အဲဒီလိုအခြေအမြစ်မရှိတဲ့ တိုင်ကြားမှု တစ်ခုကြောင့် ကျုပ်တို့ကို လာမစစ်နဲ့..."

လီချောင်ထက် ရာထူးမြင့်သောသူများနှင့်ပင်လျှင် ပြောဆိုဆက်ဆံ ထိပ်တိုက်ရင်ဆိုင်ဖူးသော မန်နေဂျာသည် လီချောင်ကိုလည်း လုံးဝအလျှော့မပေးခဲ့ချေ။

လီချောင်က ဌာနချုပ်မှ ပေးလိုက်သော ရှာဖွေဝရမ်းကို ထုတ်ပြကာ ...
“ဒီမှာ မြင်လား... ငါ မင်းကို ပြောနေတယ်... ပြီးတော့ ဒီ ကာစီနိုတစ်ခုတည်းကိုပဲ ရှာတာမဟုတ်ဘူး... အနောက် တံခါးဝဂိုဏ်းလက်အောက်မှာရှိတဲ့ ကာစီနို ငါးခုစလုံးကို ရှာမှာ..."

လီချောင်က မန်နေဂျာ၏ မျက်နှာကို စူးစူးရဲရဲစိုက်ကြည့်ကာ ဒေါသသံပါပါ မာမာထန်ထန်ဖြင့် ပြောလိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now