အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )

72 6 1
                                    

နတ်နဂါးစစ်သည်

အခန်း ၂၃၈

(ရည်ရွယ်ချက် ရှိရှိ )

လင်ချူရွယ်၏ အေးဂျင့်ဖြစ်သူ အမလဲ့က ကြားဝင်၍ ဖျန်ဖြေပေးရန် ကြိုးစားလိုက်သည်။

"ထားတော့ ထားတော့.. နှစ်ဖက်လုံး စိတ်လျှော့ကြပါ.. နှစ်ဖက်လုံး လူစားထိုးပြီးပဲ ရိုက်လိုက်မယ်လေ... ဟုတ်ပြီလား.."

ရန်ရှန်းက လင်ချူရွယ်ကို ကြည့်ကာ သတိပေး လိုက်သည်။

"လင်ချူရွယ်.. မင်းစောင့်နေ.. မင်းငါ့ကို မကြိုက်ဘူးဟုတ်.. ကောင်းပြီ.. ငါ မင်းကို ဒီနယ်ပယ်ထဲ ဆက်နေခွင့် မပေးဘူး.. မင်းကိုယ်မင်း ရုပ်လေး လှတယ် ဆိုပြီး ငါဘာမှ မလုပ်ရဲဘူး မထင်လေနဲ့.. မင်းကို ပြောလိုက်မယ်.. အနုပညာ နယ်ပယ်ထဲ မိန်းမမရှားဘူး.. ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီး မနေနဲ့... ဒီနယ်ပယ်ထဲမှာ ဘယ်သူက ပိုစီနီယာကျသလဲ ဆိုတာက အရေးကြီးတယ်.. ငါ့ကို ဒီနေ့ မျက်နှာသာမပေးရင် ဒီကိစ္စ လုံးဝ ကျေအေးပေးစရာ မရှိဘူး.."

နံဘေးမှ လက်ထောက်ဒါရိုက်တာက ဘေးကျပ်နံကျပ် ဖြစ်သွားသည်။ နှစ်ဖက်လုံးက ထိပါးမရသော သူများ မဟုတ်လော။ နှစ်ဦးလုံးက ကျော်ကြားသော သရုပ်ဆောင်များ ဖြစ်နေရာ လက်ထောက်ဒါရိုက်တာ တစ်ယောက် မည်သို့ ဖြေရှင်းရမည်ကို ရုတ်တရက် စဉ်းစားမရချေ။

အဓိကသရုပ်ဆောင် နှစ်ဦး မသင့်မမြတ် ဖြစ်နေခြင်းက ဤရုပ်ရှင်ကို ဆက်မရိုက်ဖြစ်ဟု ဆိုလိုခြင်းဖြစ်သည်။ ရုပ်ရှင်ဆက်မရိုက်လျှင်၊ ရင်းနှီးမြှုပ်နှံသူ မရှိလျှင် ရိုက်ကူးရေး အဖွဲ့ဝင်များအတွက် ဝင်ငွေကောင်းတော့မည် မဟုတ်ချေ။

"နှစ်ယောက်လုံး အေးအေးဆေးဆေး ညှိနှိုင်းကြပါလား.. ဒီနေရာထိပဲ ရောက်လာပြီ.. ဘာလို့ ပြဿနာ အဖြစ်ခံကြမှာလဲ.."

လင်ချူရွယ်က ပြန်ငြင်းလိုက်သည်။

"ကျွန်မ ပြဿနာရှာနေတာ မဟုတ်ဘူး.. ဒီမစ္စတာရန် က တွန်းအားပေး နေတာ.. လူစားထိုး ရိုက်တော့ ဘာဖြစ်လဲ.. စွန့်စားခန်းလို ကြိုးတန်းလမ်းလျှောက်တဲ့ ဇာတ်ဝင်ခန်းတွေတောင် ကျွန်မ လူစားထိုး မရိုက်ခဲ့ဘူး.. ဒါပေမယ့် အနမ်းဇာတ်ဝင်ခန်းတွေကို မရိုက်ချင်လို့ လူစားထိုးလေ့ ရှိတာ ကျွန်မအကျင့်ပဲ.. ဘာလို့ မစ္စတာ ရန် က ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ.. ရှင့်ကို မကြိုက်ဘူးဆိုတာ ဘာစကားလဲ.. ကျွန်မသာ မရိုက်ချင်ရင် အစကတည်း ဒီဇာတ်ညွှန်းကို လက်ခံခဲ့မှာ မဟုတ်ဘူး.. ပြီးတော့ တစ်ခုပြောလိုက်ဦးမယ်... ကျွန်မနောက်ကွယ်မှာ ဉာဏ်နီဉာဏ်နက်တွေ လာလုပ်မနေနဲ့.. ယောကျာ်းကြီး တစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ချောက်ချချင်နေတာ ဘယ်လို စိတ်ဓာတ်မျိုးလဲ.."

နတ်နဂါးစစ်သည်Where stories live. Discover now