အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )

50 3 0
                                    

နတ်နဂါးစစ်သည်

အပိုင်း ၂၇၁

( ငါ့ကို သောက်ရှက်ခွဲနေတာလား )

လင်လဲ့က စုစုပေါင်း သန်း ၁၀၀ တန်ကြေးရှိသည့် ချပ်စ်ပြားအပုံလိုက်ကြီးအား စားပွဲပေါ် တင်ပေးလိုက်သည်။

ယခုတခေါက် မေးခွန်းခက်ခက်အား ဖြေဆိုရန် အလှည့်ကျလာသူမှာ စတီဗင် ဖြစ်လေ၏။ အကြောင်းက ကာစီနိုဘက်မှ ကိုယ်စားလှယ် (ဒိုင်) သည် ရှုချန်းဘက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ပြောရလျှင် ရှုချန်းမှာ ၎င်းတို့ ကာစီနိုရုံအတွက် ငွေမည်းခဝါချသည့် ဖောက်သည်တစ်ဦး ဖြစ်နေသည်။

ကိုယ်စားလှယ်အနေဖြင့် လက်ခံနိုင်သည့် ပမာဏ နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ ရှုချန်းအား ကျိန်းသေပေါက် အလျော်ပေးကာ အရှုံးပေးမည် ဖြစ်၏။ စတီဗင်သာ ပေါ်မလာပါက ငွေကြေးခဝါချမှု မပြီးမချင်း ရှုချန်းအနေဖြင့် အပျော်အနေဖြင့်သာ ကာစီနိုရုံတွင်း လှည့်လည် ကစားနေရပေမည်။

ယင်းမှာ ကာစီနိုရုံ၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ဖောက်သည်ကြီး ရှုချန်း ခဝါချမည့် ငွေပမာဏအား ကာစီနိုရုံတွင်း အနိုင်ရသွားသည့် ငွေများအဖြစ် ဟန်ဆောင်ရင်း ရှုချန်း၏ ဘဏ်အကောင့်ထဲ ကာစီနိုရုံမှ ထည့်သွင်းပေးလိုက်မည်လည်း ဖြစ်သည်။ ငွေလွှဲပြောင်းသည့် ဖြစ်စဉ်အား စတီဗင်က တစ်ဝက်တပျက်မှ ချီးထုပ်ပမာ ဝင်ရောက်နှောင့်ယှက်နေမှန်း သိသာလှ၏။

ဖောက်သည်၏ သဘောဆန္ဒအတိုင်း ဆော့ကစားသည့် ငွေပမာဏကို ကာစီနိုရုံဘက်မှ တာဝန်ယူစရာလည်း မလိုချေ။ ထို့ကြောင့် ဖောက်သည်များ ငွေမည်းခဝါချသည့် အကြိမ်တိုင်း ကာစီနိုရုံမှ အထူး ဧည့်သည်တော်ခန်း အတွင်း ဝင်ရောက်စေကာ လောင်းကစားခွင့် ပြုနေခြင်း ဖြစ်သည်။ ထိုသို့ ဆော့ကစားနေစဉ်အတွင်း မျက်နှာစိမ်းဧည့်သည်များကို လုံးဝ အဝင်မခံခဲ့ချေ။

မှန်ပေသည်။ ငွေကြေးခဝါချရန်အတွက် လောင်းကစားနေမှန်း မသိဘဲ မတော်တဆ ဝင်လာသူများကို ငြင်းလွှတ်ရသည်မှာ ခက်ခဲပေသည်။ ဖောက်သည်တစ်ဦးတလေ သံသယဝင်ပြီး သတင်းပျံ့နှံ့သွားပါက ကာစီနိုရုံမှာ ငွေကြေးခဝါချမှုအတွက် စောင့်ကြည့် စစ်ဆေးခံရတော့မည် ဖြစ်သည်။

နတ်နဂါးစစ်သည်Dove le storie prendono vita. Scoprilo ora