၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )

61 9 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၅၄

( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )

စားသောက်အပြီးတွင် ရှုချန်းက လင်လဲ့ကို...

" ငါ့ အချိန်ဇယားတွေ ပြည့်နေလို့ မင်းနဲ့ ဆက်နေဖို့ အချိန်မရှိဘူး... အခု မင်းက လူကြီးလည်း ဖြစ်နေပြီဆိုတော့ မင်းကိုယ်မင်း ဂရုစိုက်ဦး... "

လင်လဲ့ ခေါင်းညိတ်၏။ သူ ငြင်းပယ်ခြင်း မပြု။

ထို့နောက် ရှုချန်း အလုပ်သို့ သွားမည် လုပ်သော်လည်း ဝမ်ချန်း ရောက်လာကာ၍ " ရှုချန်း " ဟု ခေါ်လိုက်မည်ကို မည်သူ သိနိုင်မည်နည်း။

ရှုချန်းလည်း ခြေလှမ်းများ ရပ်တန့်လိုက်ကာ လှည့်ကြည့်လိုက်ပြီး...

" စီနီယာ ဘာကိစ္စ ရှိလို့ပါလဲ... "

" ဒီလထဲမှာ စစ်ဒေသ ၃၆ ရဲ့ အဖွဲ့လိုက်နဲ့ တစ်ဦးချင်း စစ်ရေးပြလေ့ကျင့်မှု ပြိုင်ပွဲ ရှိတယ်... မင်း သွားချင်လား... စစ်ဒေသ ၁၃ ကို ဝင်ဖို့ ငါ မင်းကို အကြံပေးနိုင်တယ်... "

" အစ်ကိုကြီးက စစ်ဒေသ ၁၃ ကလား... "

ရှုချန်း ပြုံးကာ မေး၏။

ဝမ်ကျောက် ခေါင်းညိတ်လိုက်သည်။ ထို့အပြင် ယခင်က သူ မည်ကဲ့သို့ အစွမ်းထက်ခဲ့သည်ကို ရှုချန်း မယုံမည် စိုး၍...

" စစ်ဒေသ ၁၃ မှာ သွားမေးလို့ ရတယ်... အဲဒီမှာ ထိပ်တန်းတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးတယ်... "

ဒီလူက သူ့ သိက္ခာကို အတော် ဂရုစိုက်တဲ့ သူပဲ ဟု ခံစားမိကာ ရှုချန်း ထပ်ပြုံးလိုက်၏။ ထို့နောက် ယဉ်ယဉ်ကျေးကျေးဖြင့်...

" အစ်ကိုကြီးရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအ‌ပေါ် ကျေးဇူးတင်ပါတယ်... ကျုပ်လည်း စစ်ဒေသ ၃၆ ရဲ့ စစ်ရေးပြ လေ့ကျင့်မှု ပြိုင်ပွဲကို သွားမှာလေ... ပြီးတော့ အနောက်ပိုင်းတံခါးဝဂိုဏ်း ကိစ္စကို မြန်မြန်ရှင်းချင်နေတာလည်း စစ်တပ်ထဲ ပြန်သွားနိုင်ဖို့ပါ... အိုး... ကျုပ်ပြောဖို့ မေ့နေတာ... ကျုပ်က စစ်ဒေသ ငါးကပါ... "

" စစ်ဒေသ ငါး... "

ဝမ်ကျောက် မျက်မှောင်ကြုံ့လိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now